Connect with us

Hi, what are you looking for?

သတင်း

တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေသည့် ရေတပ်ရေယာဥ်အား တွံ​တေး(ပကဖ) အထူးတိုက်ခိုက်​ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

ပစ်ခတ်တိုက်ခိုက်မှု​ကြောင့် တွံ​တေး​ဘောတံတားဆိပ်သို့ စစ်​ရေယာဥ် Capနှစ်စီးဖြင့် အင်အား ၂၀​ကျော်ရောက်ရှိလာပြီး တူး​မြောင်းအတွင်း ဖြတ်သွားဖြတ်လာ ​လှေ၊ သင်္ဘောများအား ​ခေါ်ယူစစ်​ဆေးလျက်ရှိ​ကြောင်း​ ဒေသခံများက ပြောသည်။

(တိုက်ခိုက်ခံရသည့် စစ်ကောင်စီ​၏ ရေတပ်ရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(တိုက်ခိုက်ခံရသည့် စစ်ကောင်စီ​၏ ရေတပ်ရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ရန်ကုန်တိုင်း တွံ​တေးတူး​မြောင်းအတွင်း ကင်းလှည့်​နေသည့် စစ်ကောင်စီ​​၏ ရေတပ် ရေယာဥ်အား ယနေ့ နံနက် ၄နာရီခွဲခန့်က တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်​တောင်ပိုင်းခရိုင် ဇုန်(၁)နယ်​မြေရှိ တွံ​တေးမြို့နယ်(ပကဖ) အထူးတိုက်ခိုက်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရေတပ် ကင်းလှည့်ရေယာဉ်အား အ​ဝေးပစ် (၄၀)မမ ဗုံးသီး၊ ​မောင်းပြန်​သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု​ကြောင့် တွံ​တေး​ဘောတံတားဆိပ်သို့ စစ်​ရေယာဥ် Capနှစ်စီးဖြင့် အင်အား ၂၀​ကျော်ရောက်ရှိလာပြီး တူး​မြောင်းအတွင်း ဖြတ်သွားဖြတ်လာ ​လှေ၊ သင်္ဘောများအား ​ခေါ်ယူစစ်​ဆေးလျက်ရှိ​ကြောင်း​ ဒေသခံများက ပြောသည်။

“အထိအခိုက်​တော့ မသိရ​သေးဘူး။ ဒါ​ပေမယ့် ဒီ​ကောင်​တွေ ဖြုံ​တော့သွားတယ် ​နေရာတိုင်းက​နေ တိုက်ခိုက်ခံရနိုင်တယ်ဆိုတာကို သိ​စေချင်တယ်” ဟု ရန်ကုန်တိုင်း(ပကဖ)တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်ညကလည်း ရန်ကုန်မြို့ မြို့နယ်လေးခု၌ စစ်ကောင်စီတပ်သားများတပ်စွဲရာ နေရာများအား မြောက်ပိုင်းခရိုင်နှင့် ‌အရှေ့ပိုင်းခရိုင် ပကဖ ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် မိုးလုံလေလုံအားကစားကွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် ပြည်တော်သာလမ်းနှင့် (၁၄) လမ်းဆုံ ကျောက်ပြားလမ်းပေါ်ရှိ Star တာယာစက်ရုံရှေ့ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လှိုင်မြို့နယ် ပါရမီလမ်း တပ်ထိန်းတပ်ဝင်း လုံခြုံရေးဂိတ်ဝင်ပေါက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ပကဖ ရဲဘော်များက မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်၊ တံတားဖြူမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဝေးထိန်းမိုင်းများဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ထိတ်လန့်တုန်လှုပ်လျက်ရှိကြောင်းသိရသည်ဟု အဆိုပါ ရဲဘော်များက လူထုနွေဦးသို့ ပြောထာဒသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ရက်ကလည်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မြောက်ဒဂုံပကဖ ရဲဘော်များက စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်သည့် ဒဂုံအရှေ့မြို့နယ် အထွေထွေအုပ်ချဒပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ထို့ပြင် အောက်တိုဘာ ၂၆ရက်ကလည်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက ဂန္ဓမာဟိုးဆေးအနီးရှိ စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ပျူစောထီးများ စစ်သင်တန်းပေးနေသည့် အောင်သပြေရဲစခန်းဝင်း ဂိတ်ဘန်ကာများအား အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

မဟာမိတ်အဖွဲ့များသည် ဒီဇင်ဘာ ၁၁ရက်က တောင်ငူလေတပ်စခန်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သေးသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ဆိုင်ကယ်သုံးစီးမိုင်းထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ အခြားထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း နတ် စစ်သည် တပ်ခွဲမှူးက ပြောသည်။

သတင်း

မြန်မာရေတပ်က ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းအစိုးရက တောင်းဆိုထားကြောင်း သိရပါတယ်။