ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊တွံတေး၊ ကော့မှုးမြို့နယ်များတွင် ဆိုင်ကယ်တစ်စီး လူတစ်ယောက်သာစီးရန် အကြမ်းဖက်စစ်ကောင်စီကအမိန့်ပေးထားကြောင်းဒေသခံများကပြောသည်
နိုဝင်ဘာလ ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင်ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှုးမြို့နယ်များ၌ မြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်ပိုင်ရှင်များအား ဆိုင်ကယ်စီးလျှင် တစ်ဦးတည်းသာစီးနင်းရမည်ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်အချို့တွင် အကြမ်းဖက်စစ်ကောင်စီက လော်စပီကာဖြင့် လိုက်လံကြေညာသွားကြောင်းဒေသခံများက ပြောသည်။
“မရှိလို့ ကယ်ရီဆွဲပါတယ်ဆိုမှ နောက်ကလူမတင်ရတော့ ဘာတင်ရမလဲဗျာ။ ကယ်ရီသမားတွေတင်မက အိမ်ရှင်မတွေစျေးလိုက်ပို့ဖို့တောင်မလွယ်ပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါအမိန့်ကြောင့် မြို့နယ်အတွင်းရှိ ဆိုင်ကယ်ကယ်ရီဝန်ဆောင်မှုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ပြည်သူများအတွက် အခက်အခဲဖြစ်စေပြီး သာမန်ပြည်သူများအတွက်လည်း ကျန်းမာရေးကိစ္စကအစ သွားရေးလာရေးအခက်အခဲများ ဖြစ်ပေါ်စေကြောင်း ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိဒေသအချို့တွင်လည်း အာဏာလု
စစ်ကောင်စီက ဆိုင်ကယ်တစ်စီးလျှင်လူတစ်ယောက်သာစီးရန် ၊ Mask မတပ်ရန် တားမြစ်ထားသဖြင့်ပြည်သူများအခက်တွေ့နေကြသည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေးလုပ်ငန်းများထိ့ရောက်စွာမလုပ်နိုင်တော့ဘဲ Mask မတပ်ရအမိန့်က ကပ်ရောဂါကူးစက်မှုပိုမိုဆိုးရွားလာစေနိုင်ကြောင်းပြည်သူအချို့ကဝေဖန်နေကြသည်။
တစ်ဦးထက်ပိုစီးပါက ယာဥ်စီးကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူမည်ဟု ဥပဒေတွင်မပါသည့်အချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီကခြိမ်းခြောက်နေသည်။