Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခါမ်းပါတ်မြို့မရဲစခန်းနှင့် ဝတုတ်ရွာရှိစစ်တပ်စခန်းကို ​တော်လှန်​ရေးအဖွဲ့များသိမ်းပိုက်

CDF တွန်းဇံကလည်း “ခမ်းပတ်မြို့ရဲစခန်းနှင့်ဝိတုပ်တပ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ကြောင်း သတင်းရရှိသည်”ဟု သတင်းထုတ်ပြန်သည်။

(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )
(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )

▪︎ရာဇဂြိုလ်ဆည်လမ်းဆုံအနီးရှိစစ်တပ်စခန်းကိုလည်း​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

▪︎ကလေး-ဂန့်ဂေါကြားရှိ ရန်ကြီးအောင်၊ ဂဘနီစသည့်စစ်ကောင်စီအခြေစိုက်စခန်းများကိုလည်းတစ်ချိန်တည်းတိုက်ခိုက်​နေ

တမူးမြို့နယ်၊ ခမ်းပါတ်မြို့​ပေါ်ရှိ စစ်​ကောင်စီတပ်နှင့် ရဲများပူး​ပေါင်း အထိုင်ချထား​​သောရဲစခန်း နှင့် ဝိတုပ်ကျေးရွာမှ စစ်ကောင်စီ တပ်စခန်းများကို ​တော်လှန်​ရေးအဖွဲ့များကယ​နေ့နံနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်​ကြောင်း ​ဒေသခံများနှင့် ​တော်လှန်​ရေးအဖွဲ့များက ​ပြောသည်။

ယနေ့( နိုဝင်ဘာလ ၃ရက်) နံနက်လေးနာရီမှ စ၍ခမ်းပါတ်မြို့​ပေါ်ရှိ စစ်တပ်နှင့် ရဲများပူး​ပေါင်းတပ်စွဲထား​​သောခမ်းပတ်မြို့ရဲစခန်းနှင့်ဝိတုတ်ကျေးရွာမှစစ်ကောင်စီတပ်စခန်းများကို င်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက်ရှစ်နာရီတွင် စခန်းသိမ်းနိုင်ခဲ့သည်ဟု PDF များနှင့် ​ဒေသခံများက ပြောသည်။

ထိုအပြင် ရာဇဂြိုလ်လမ်းခွဲတွင်ရှိ​သောစစ်​ကောင်စီတပ်စခန်းကိုလည်း ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်​နေသည်။

(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )
KAYAH STATE KARENNI, MYANMAR – 2023/02/15: A soldier from a People’s Defence Force (PDF) group has attached a rosary and a Christian cross to his rifle. The People’s Defence Force (PDF) is the armed wing of the National Unity Government (NUG). The PDF was formed in May 2021 by the NUG from youths and pro-democracy activists in response to the military coup d’?tat that occurred on 1 February 2021. (Photo by Thierry Falise/LightRocket via Getty Images)

“ခမ်းပတ်ရဲစခန်းနဲ့ ဝိတုတ်တပ်စခန်းကို PDFတွေ သိမ်းလိုက်ပြီ”ဟုခမ်းပတ်မြို့ခံတစ်ဦးကပြောသည်။

သို့​သော်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းလည်း ဒေသခံများကပြောသည်။ဝိတုတ်ရွာသည် အာရှအ​ဝေး​ပြေးလမ်း​ပေါ်တွင်ရှိပြီး ခါမ်းပါတ်မြို့နှင့် ၁၅ မိုင်ခန့်​ဝေးသည်။

Public Service Announcement

Public Service Announcement

“ခရိုင်ကနေဦးစီးပြီးချတာ။ ၁၀၂၇ စစ်ဆင်ရေး လို့ကြားတယ်။စခန်းလည်းသိမ်းနိုင်တယ်။ အခု။ Mi 35 လာနေပြီ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

CDF တွန်းဇံကလည်း “ခမ်းပတ်မြို့ရဲစခန်းနှင့်ဝိတုပ်တပ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ကြောင်း သတင်းရရှိသည်”ဟု သတင်းထုတ်ပြန်သည်။

ရာဇဂြိုလ်လမ်းခွဲတွင်ဖြစ်ပွား​သောတိုက်ပွဲအ​ခြေအ​နေကိုမူ မသိရ​သေး​​ပေ။

စစ်​ကောင်စီတပ်စခန်းများကို PDF ခရိုင်တပ်ရင်းများ၊ABSDF၊ KIA နှင့် အခြား​တော်လှန်​ရေးအဖွဲ့များကပူး​ပေါင်းတိုက်ခိုက်​နေခြင်းဖြစ်သည်။

(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )
(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )

ခါမ်းပါတ်မြို့ နှင့်အနီးဝန်းကျင်တွင် ဇူလိုင်လနှင့် သြဂုတ်လတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး မြို့ခံများ ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရသည်။ယခုအကြိမ်တွင်လည်း မြို့ခံများမှာနီးစပ်ရာရွာများသို့ထွက်​ပြေး​နေကြရ​​ကြောင်း​ဒေသခံများက​ပြောသည်။

ပထမအကြိမ်တိုက်ပွဲတွင် ​ဒေသခံ​တော်လှန်ရးအဖွဲ့များက ဦး​ဆောင်တိုက်ခဲ့ပြီး ရဲစခန်းရလုနီးတွင် စစ်​ကောင်စီစစ်ကူ​ရောက်လာကာ ၊တိုက်ပွဲရက်ရှည်လာပြီး ကျည်နှင့်ခဲယမ်းနည်းပါးလာ၍ စခန်းမသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်း​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။

“ပထမအကြိမ် တိုက်တုန်းကဒေသခံPDFတပ်တွေက၀င်တိုက်တာ။ အခုကြိမ်က NUGbလက်အောက်ကPDFတွေက၀င်တိုက်တာဖြစ်တယ်”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

တမူးမြို့​ပေါ်တွင်တိုက်ပွဲမဖြစ်​သေး​သော်လည်း စစ်​ကောင်စီတပ်ကအစစ်အ​ဆေးကြမ်း​နေပြီး ယ​နေ့မနက်မှာပင် က​လေး-တမူး အာရှအ​ဝေး​ပြေးလမ်းကို စစ်တပ်ကပိတ်လိုက်သည်။တိုက်ပွဲများသည် အာရှအ​ဝေး​ပြေးလမ်းတစ်​လျှောက်ဖြစ်ပွား​နေခြင်းဖြစ်သည်။

(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )
(PDF ၊KIA ၊ SBSDF တပ်ဖွဲ့ဝင်များနှင့် ခါမ်းပါတိမြို့တည်​နေရာကို Google Earth တွင်တွ့ရမှု )

ထိုအပြင် ကလေး-ဂန့်ဂေါကြားရှိ ရန်ကြီးအောင်၊ ဂဘနီစသည့် စစ်ကောင်စီအခြေစိုက်စခန်းများကိုလည်း ယနေ့နံနက် ၅နာရီခွဲခန့်က PDFနှင့် မဟာမိတ်များက တပြိုက်နက်တိုက်ခိုက်ခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်များထံမှသိရသည်။

ထပ်မံရရှိ​သော သတင်းအရ ကလေးမြို့တောင်ပိုင်းရှိ စစ်ကောင်စီစခန်းများကို ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်သတင်းအရင်းအမြစ်များကပြောသည်။