Connect with us

Hi, what are you looking for?

သတင်း

ရေခဲတောင်ဒေသဟုနာမည်ကြီးသည့် ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ရွာ မီးလောင်

တရုတ်နိုင်ငံနှင့်ထိစပ်‌နေသော အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၀၀ခန့်ရှိပြီး နေအိမ် ၁၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ပူတာအိုမြို့ခံအချို့က ပြောသည်။

မီးလောင်မှုဖြစ်ခဲ့သည့် ရှိန်းခေါင်ရွာအား ယခင်က တွေ့ရစဥ်။ ဓာတ်ပုံ - Sar Aung Marphang
မီးလောင်မှုဖြစ်ခဲ့သည့် ရှိန်းခေါင်ရွာအား ယခင်က တွေ့ရစဥ်။ ဓာတ်ပုံ - Sar Aung Marphang

▪︎နေအိမ်အများစု မီးလောင်ဆုံးရှုံးခဲ့ရဟုဆို

ခရီးသွားဝါသနာရှင်များကြား ရေခဲတောင်ဒေသဟုနာမည်ကြီးသည့် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ကျေးရွာသည် ယ‌နေ့(နိုဝင်ဘာလ ၇ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ရာ အိမ်ခြေအများစု မီးလောင်ဆုံးရှုံးခဲ့ရသည်။

တရုတ်နိုင်ငံနှင့်ထိစပ်‌နေသော အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၀၀ခန့်ရှိပြီး နေအိမ် ၁၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ပူတာအိုမြို့ခံအချို့က ပြောသည်။

” အိမ်တွေက သစ်အိမ်များတယ်။ ငြှိမ်းစရာလည်း မရှိတာ။ အတော်လေး ထိခိုက်တယ်”ဟု ပူတာအိုမြို့ခံတစ်ဦးက ပြောသည်။

မီးလောင်ရသည့်အကြောင်းအရင်းကို မသိရှိရသေးပေ။ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသောကြောင့် ဒေသအတွက် သိုလှောင်ထားသည့် ရိက္ခာဂိုထောင်များလည်း မီးထဲပါသွား၍ ဒေသခံများအတွက် အကူအညီများလိုအပ်နေကြောင်း ပူတာအိုမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရှိန်းခေါင်ရွာသို့ သွားရာလမ်းသည် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲ၍ တရုတ်နိုင်ငံဘက်မှ အများဆုံး ဝင်ရောက်ရသည့် ဒေသဖြစ်သည်။

ဆက်စပ်သတင်းများ