Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့် အလင်းဝင်လာ၍ ပကဖမှ ကျပ်သိန်း ၅၀ချီးမြှင့်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဒေသအသီးသီးရှိ NUG၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြရန် တိုက်တွန်းထားသည်။

အလင်းဝင်လာသော စစ်သားအား ဆုကြေးငွေချီးမြှင့်နေစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
အလင်းဝင်လာသော စစ်သားအား ဆုကြေးငွေချီးမြှင့်နေစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ မြို့နယ်(ပကဖ)မှ ကျပ်သိန်း ၅၀ချီးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသော လုပ်သက် ၁၇ နှစ်ရှိ စစ်ကောင်စီ တပ်သားတစ်ဦးသည် ခင်ဦးမြို့နယ် ပကဖနှင့် ဆက်သွယ် ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့သည်။

၎င်းနှင့်အတူ MA1 အမျိုးအစား သေနက် ၁ လက်၊ ကျည်ဘောက် ၃ခုနှင့် 5.56 ကျည် ၂၃၆ တောင့်တို့ အပ်နှံခဲ့၍ ယနေ့ (နိုဝင်ဘ၂၀ ရက်)တွင် မြို့နယ်(ပကဖ) က ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“သူက မြို့ပေါ် Mission(စစ်ဆင်ရေး)တွေမတိုင်မီ ၃ လလောက်အလိုကတည်းက ကြိုချိတ်ထားတာပါ။ မြို့ပေါ် Missionတွေမှာလည်း သူ့ရဲ့ပါဝင်ဆောင်ရွက်မှုတွေပါတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဒေသအသီးသီးရှိ NUG၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြရန် တိုက်တွန်းထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ခင်ဦးမြို့နယ် ရေဦး-ခင်ဦး ကားလမ်းဘေးရှိ စစ်ကောင်စီတပ်အထိုင်ချ စခန်းများဖြစ်သော မူးတိမ်ချောင်းတံတား၊ ရွာသစ်ကုန်းပျူရွာနှင့် အင်းပတ်ကွေ့ဈေးတန်း စခန်းများသည် နိုဝင်ဘာပထမပတ်အတွင်းက ရေဦးမြို့ပေါ်သို့ တပ်ဆုတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook