Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တိုက်ပွဲ ‘၀’ဒေသသို့ စစ်ရှောင်လာသူ ​လေးသောင်းခန့်ရှိဟု UWSA အသိပေး

စစ်ဘေးရှောင်များအား နေထိုင်စားသောက်မှု ၊ ဆေးဝါးကုသမှုနှင့် နယ်ခြားအထိပို့ဆောင်ပေးမှု တို့အား အခမဲ့ကူညီပေးလျက်ရှိသည်ဟု UWSAက အသိပေးသည်။

("ဝ"ပြည်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များတင်ဆောင်လာသော ယာဥ်များ။ ဓာတ်ပုံ - File Photo)
("ဝ"ပြည်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များတင်ဆောင်လာသော ယာဥ်များ။ ဓာတ်ပုံ - File Photo)

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တစ်လနီးပါးအတွင်း စစ်ရှောင်ပြည်သူ ၄သောင်းခန့်ရှိကြောင်း ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ ဦးညီရန်းက ယနေ့ အသိပေးထားသည်။

“ဝ”ပြည်သို့ စစ်ဘေးရှောင်များရောက်ရှိလာမှု အခြေအနေကို ဦးညီရန်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တိုက်ပွဲစတင်ချိန် အောက်တိုဘာ ၂၇ရက်မှ ယနေ့ (နိုဝင်ဘာ ၂၂ရက်)အထိ စစ်ရှောင် ၄သောင်းခန့်ရောက်ရှိလာသည်ဟု အသိပေးသည်။

လက်ရှိတွင် နမ့်တစ်စစ်ရှောင်စခန်း၌ စစ်ရှောင် ၅,၀၀၀ ဝန်းကျင်ကျန်ခဲ့ပြီး ‘၀’ဒေသ၌ တစ်သောင်းခန့် ခိုလှုံနေကြောင်း၊ စစ်ရှောင် တစ်သောင်းခန့်မှာ တန့်ယန်း/ မိုင်းယန်း နယ်ခြားအထိ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ၅၀၀၀ခန့် မိမိတို့ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ပြန်ကြကြောင်း ဖော်ပြသည်။ စာရင်းများအရ စစ်ရှောင် ၃သောင်းခန့်၏ အခြေအနေကို သိရပြီး ကျန် တစ်သောင်း၏ အခြေအနေကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

စစ်ဘေးရှောင်များအား နေထိုင်စားသောက်မှု ၊ ဆေးဝါးကုသမှုနှင့် နယ်ခြားအထိပို့ဆောင်ပေးမှု တို့အား အခမဲ့ကူညီပေးလျက်ရှိသည်ဟု UWSAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် နမ့်တစ်မြို့မှ ကားကြီး၂၄ စီး ဖြင့် စစ်ဘေးရှောင် ၁,၃၀၀ ကျော်တို့အား မိုင်းယန်းနယ်ခြားအထိ ပို့ဆောင်မည်ဖြစ်ကြောင်းလည်း ဦးညီရန်းကရေးသားအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။