Connect with us

Hi, what are you looking for?

သတင်း

AAနှင့်ဆက်နွယ်သည်ဆိုကာ ရခိုင်ဒေသခံ ၄၀၀ကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။

(ရခိုင်ပြည် မောင်တောမြို့အဝင်တနေရာတွင် စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရခိုင်ပြည် မောင်တောမြို့အဝင်တနေရာတွင် စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မောင်တောမြို့ဒေသခံ ၁၄၆ဦးအပါအဝင် ရခိုင်တစ်ပြည်နယ်လုံးမှ ဒေသခံ ၄၀၀ဦးကို ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်သည်။

လူရာချီပါဝင်သော ဝရမ်းစာရင်းကို စစ်ကောင်စီက ယမန်နေ့(နိုဝင်လာ ၂၁ရက်)တွင် ထုတ်ပြန်ပြီး ၀ရမ်းပါ လူပုဂ္ဂိုလ်များ၏ ဓာတ်ပုံများကိုလည်း အများပြည်သူသွားလာရာနေရာများ၌ ချိတ်ဆွဲထားသည်ဟု သတင်းရရှိသည်။

” စုစုပေါင်း ၄၀၀။မောင်တောက ၁၄၆ ယောက်ပါတယ်။ ရှေ့နေတွေလည်းပါတယ်”ဟု AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကကလည်း စစ်တွေမြို့မှဒေသခံ ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး နိုဝင်ဘာ ၁၄ရက်မှ ၂၁ရက်အတွင်း ကျောက်ဖြူနှင့် သံတွဲမြို့အပါအဝင် ရခိုင်ပြည်နယ်၌ အရပ်သား ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန်နှင့် လက်နက်မချပါက တိုက်ခိုက်ချေမှုန်းသွားမည်ဟု AAက ထုတ်ပြန်ထားသည်။

” ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဖြစ်သည်”ဟု AA က ယမန်‌နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။