Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိထားသည့်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးအား ဥပဒေနှင့်အညီအရေးယူမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

ဖမ်းမိထားသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ယနေ့ အသိပေးထုတ်ပြန်သည်။

‘၁၁၁၁ စစ်ဆင်ရေး’စတင်သည့်နေ့တွင် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ လေတပ်မှ K-8W အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် နိုဝင်ဘာ ၁၁ ရက်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျက်ကျခဲ့သည့် တိုက်လေယာဉ်မှ လေ ယာဉ်မှူးနှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ထိုအထဲမှ လေယာဉ်မှူးဖြစ်သည့် ဗိုလ်မှူးခိုင်သန့်မိုးအား နိုဝင်ဘာ ၁၉ ရက်တွင် ကရင်နီတပ်ပေါင်းစုကလက်ရဖမ်းဆီး ရမိခဲ့သည်။

“ကျွန်တော်တို့ သိသလောက်တော့ ဗုံးလာကြဲတာ။ ပွိုင့် ၅ထိပြီး ပျက်ကျတယ်။ကျန်တဲ့တစ်ယောက်ကတော့ အခုထိမမိသေးဘူး”ဟု ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီခဲ့သည်။

သတင်း

စခန်းသိမ်းအပြီးရှင်းလင်းစဉ် ဒီးမော့ဆိုPDF ဒုတပ်ရင်းမှူးဟင်နရီလုအောင် လက်နက်ကြီးထိမှန် ကျဆုံး