Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိထားသည့်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးအား ဥပဒေနှင့်အညီအရေးယူမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

ဖမ်းမိထားသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ယနေ့ အသိပေးထုတ်ပြန်သည်။

‘၁၁၁၁ စစ်ဆင်ရေး’စတင်သည့်နေ့တွင် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ လေတပ်မှ K-8W အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် နိုဝင်ဘာ ၁၁ ရက်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျက်ကျခဲ့သည့် တိုက်လေယာဉ်မှ လေ ယာဉ်မှူးနှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ထိုအထဲမှ လေယာဉ်မှူးဖြစ်သည့် ဗိုလ်မှူးခိုင်သန့်မိုးအား နိုဝင်ဘာ ၁၉ ရက်တွင် ကရင်နီတပ်ပေါင်းစုကလက်ရဖမ်းဆီး ရမိခဲ့သည်။

“ကျွန်တော်တို့ သိသလောက်တော့ ဗုံးလာကြဲတာ။ ပွိုင့် ၅ထိပြီး ပျက်ကျတယ်။ကျန်တဲ့တစ်ယောက်ကတော့ အခုထိမမိသေးဘူး”ဟု ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။