Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ

စစ်ဆင်ရေးအတွင်း ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းနှင့် ချိန်ခါလီနယ်ခြားစောင့် တပ်စခန်း၊ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်း၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တို့ကို တိုက်ခိုက်သိမ်းယူထားသည်။

▪︎ပလက်၀ရှိ စစ်ကောင်စီ ဗျူဟာစခန်း ၂ခုက ၉ရက်ဆက် တိုက်ခိုက်နေ၊ စစ်ကောင်စီတပ် လေကြောင်းအသုံးပြု စစ်အင်အားဖြည့်နေရဟုAA အသိ​ပေး

ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်သကဲ့သို့ စစ်ကောင်စီက စွန့်ခွာသွားသည့် တပ်စခန်း ၄၀ကျော်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ရက္ခိုင်ဒေသတွင် AAက စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ
ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ

စစ်ဆင်ရေးအတွင်း ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းနှင့် ချိန်ခါလီနယ်ခြားစောင့် တပ်စခန်း၊ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်း၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တို့ကို တိုက်ခိုက်သိမ်းယူထားသည်။

ထို့အပြင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” နှစ်ခုအား နိုဝင်ဘာလ (၁၄) ရက်နေ့မှ စတင်တိုက်ခိုက်လျက်ရှိရာ ယနေ့အထိ ၉ရက်ဆက် တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဗျူဟာနှစ်ခုအား ရန်သူသည် လက်နက်ခဲယမ်းရိက္ခာများကို လေကြောင်းမှချပေးနေရပြီး ယမန်နေ့က ရန်သူ့လေကြောင်း ထောက်ပို့ပစ္စည်းများထဲမှ အချို့ကို မိမိတို့ သိမ်းဆည်းရမိခဲ့ဟု အသိပေးသည်။

လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်သွားမည်ဟု ထုတ်ပြန် ထားသည့်အတိုင်း ရက္ခိုင့်တပ်တော်အနေဖြင့် အညံ့မခံသည့် တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု AAက အသိပေးသည်။

ရန်သူ့ဘက်မှ စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း (၄၀)ကျော်ကိုလည်း မိမိတို့ မှ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ
ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ

ထို့အပြင် ပေါက်တောမြို့၌ ရန်သူ့ဘက်မှ လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားသော ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပါ အဝင် မြို့သူမြို့သား (၁၀၀) နီးပါးကို နိုဝင်ဘာ ၂၁ရက်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်မြို့သူမြို့သားများအား ရန်သူ့လက်မှ လွတ်မြောက်နိုင်ရေး ကြိုးစားနေသည်ဟု ဖော်ပြသည်။

ယနေ့ နိုဝင်ဘာ ၂၂ရက် နံနက်မှစ၍ ပေါက်တောမြို့အတွင်း၌ ဓါးစာခံကယ်တင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ ရန်သူသည် ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိကာ တိုက်ပွဲပြင်းထန်နေသည်ဟု ထုတ်ပြန်သည်။ ရန်သူဖမ်းထားသော ဓားစာခံပြည်သူအချို့ကို ယမန်နေ့နည်းတူ ထပ်မံကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီသည် ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ
ရက္ခိုင်ဒေသ စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီစခန်း ၄ခုကို သိမ်းပိုက်၊ တပ်စခန်း ၄၀ကျော် စစ်ကောင်စီ စွန့်ခွာ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လယ် တွင် ၁နာရီ ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲဆက်တိုက်ကျူးလွန် နေသော စစ်ကောင်စီ၏ တပ်စခန်းများ နှင့် လက်နက်ချ အညံ့မခံသောသူများအား ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဟု AAက ထပ်လောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။