Connect with us

Hi, what are you looking for?

သတင်း

ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

အလင်းဝင်ရောက်လိုသူများအနေဖြင့် ဆက်သွယ်နိုင်ပြီး ဝင်ရောက်လာသော စစ်ကောင်စီတပ်သား၊ ရဲများကို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၄)က အသိပေးထားသည်။

အလင်းဝင်လာသော ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၄
အလင်းဝင်လာသော ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၄)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၉ ရက်က စစ်ကိုင်းတိုင်း အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့၊ တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားဝေဖြိုးကျော်သည် G4 သေနတ်တစ်လက်၊ ကျည်အတောင့် ၂၀၀ နှင့် အလင်းဝင်ရောက်လာခဲ့ပြီး ၎င်းအား ဆုချီးမြှင့်ရန်အစီအစဥ်ရှိကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၄)၏ တာဝန်ရှိသူက ပြောသည်။

“သူ CDM ဝင်ချင်တာတော့ကြာပြီပေါ့။ လိုက်ချိတ်နေတာ ကျွန်တော်တို့တပ်ရင်းနဲ့ ချိတ်မိတော့ ကျွန်တော်တို့ သွားထုတ်လာတာပါ စခန်းကနေ။လက်နက်နဲ့တကွ အလင်းဝင်လာတဲ့အတွက် ထိုက်တန်တဲ့နှူန်းထားနဲ့ ဆုချီးမြှင့်ဖို့ရှိပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသည့် ရဲတပ်သားက PDFရဲဘော်များနှင့်အတူ ချက်ပြုတ်ခြင်း၊ ထမင်းစားခြင်း၊ စာဖတ်ခြင်း၊ ဂစ်တာတီးခြင်းများ ပြုလုပ်နေသည့်ရုပ်သံမှတ်တမ်းကိုလည်း ရွှေဘိုခရိုင်တပ်ရင်း (၁၄)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ရုပ်သံ၌ အလင်းဝင်လာသူ ရဲတပ်သားက”အမှားနဲ့အမှန်က ဒီအချိန်မှာ သိသိသာသာကြီးကို ပေါ်နေပါပြီ။ ဝင်လာမယ်ဆိုနောက်မကျသေးဘူး။”ဟု ဖြေကြားထားသည်။

အလင်းဝင်ရောက်လိုသူများအနေဖြင့် ဆက်သွယ်နိုင်ပြီး ဝင်ရောက်လာသော စစ်ကောင်စီတပ်သား၊ ရဲများကို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၄)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။