Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ မိုင်းကျက် စစ်စခန်း သိမ်းတိုက်ပွဲမှဟောင်ဝစ်ဇာ အမြောက် အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိ

စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်များတွင် ဟောင်ဝစ်ဇာအမြောက်၊ စက်သေနတ် နှင့်လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း​တွေ့ရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို TNLA က ယမန်နေ့ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိခဲ့​ကြောင်းထုတ်ပြန်သည်။

၀၀မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက် ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်သုံးပြီး ခုခံကာကွယ်ခဲ့ရပြီး တစ်လနီးပါးအကြာတွင် TNLAက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းသိမ်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးမှု၊ လေကြောင်းက ရိက္ခာခဲယမ်းဖြည့်တင်းပေးမှုများပြုလုပ်ခဲ့သည်။ TNLA ရဲဘော်များကလည်း လေယာဉ်ပစ်စက်သေနတ် အချို့ ဖြင့် တိုက်ပွဲဝင်နေသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်များတွင် ဟောင်ဝစ်ဇာအမြောက်၊ စက်သေနတ် နှင့်လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း​တွေ့ရသည်။

Public Service Announcement

Public Service Announcement

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း ယင်းတပ်စခန်းကိုပထမအကြိမ် TNLAက သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီကလေကြောင်း၊ လက်နက်ကြီး အသုံးပြုပြီးပြန်လည်နေရာယူထားရာ TNLAက ဒုတိယ အကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“သူက စခန်းကုန်းနည်းနည်းမြင့်တယ်။ ပြီးတော့ စစ်ဗျူဟာကျတဲ့နေရာလည်းဖြစ်တဲ့အတွက် ကြောင့်လေ။ဒီဖြစ်စဉ်မှာ တစ်ခါ သိမ်းလိုက်တယ်။ဒါပေမဲ့ လက်နက်ကြီးတွေ ဗုံးတွေ လာကြဲလိုက်လို့ ကျမတို့ပြန်ဆုတ်ခွာလိုက်ရတဲ့ အနေအထားရှိတယ်။ အခုကကျမတို့ပြန်ပြီးတိုက်ခိုက်တယ်။ပြန်ပြီးသိမ်းလိုက်တယ်” ဟုTNLA ပြန်ကြားရေးအရာရှိက ယနေ့နံနက်တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေတယ်လို့ Lion Battalion စစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောပေါ်ဦးကပြောပါတယ်။

သတင်း

လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို

သတင်း

အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။