Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ မိုင်းကျက် စစ်စခန်း သိမ်းတိုက်ပွဲမှဟောင်ဝစ်ဇာ အမြောက် အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိ

စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်များတွင် ဟောင်ဝစ်ဇာအမြောက်၊ စက်သေနတ် နှင့်လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း​တွေ့ရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို TNLA က ယမန်နေ့ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိခဲ့​ကြောင်းထုတ်ပြန်သည်။

၀၀မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက် ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်သုံးပြီး ခုခံကာကွယ်ခဲ့ရပြီး တစ်လနီးပါးအကြာတွင် TNLAက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းသိမ်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးမှု၊ လေကြောင်းက ရိက္ခာခဲယမ်းဖြည့်တင်းပေးမှုများပြုလုပ်ခဲ့သည်။ TNLA ရဲဘော်များကလည်း လေယာဉ်ပစ်စက်သေနတ် အချို့ ဖြင့် တိုက်ပွဲဝင်နေသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်များတွင် ဟောင်ဝစ်ဇာအမြောက်၊ စက်သေနတ် နှင့်လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း​တွေ့ရသည်။

Public Service Announcement

Public Service Announcement

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း ယင်းတပ်စခန်းကိုပထမအကြိမ် TNLAက သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီကလေကြောင်း၊ လက်နက်ကြီး အသုံးပြုပြီးပြန်လည်နေရာယူထားရာ TNLAက ဒုတိယ အကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“သူက စခန်းကုန်းနည်းနည်းမြင့်တယ်။ ပြီးတော့ စစ်ဗျူဟာကျတဲ့နေရာလည်းဖြစ်တဲ့အတွက် ကြောင့်လေ။ဒီဖြစ်စဉ်မှာ တစ်ခါ သိမ်းလိုက်တယ်။ဒါပေမဲ့ လက်နက်ကြီးတွေ ဗုံးတွေ လာကြဲလိုက်လို့ ကျမတို့ပြန်ဆုတ်ခွာလိုက်ရတဲ့ အနေအထားရှိတယ်။ အခုကကျမတို့ပြန်ပြီးတိုက်ခိုက်တယ်။ပြန်ပြီးသိမ်းလိုက်တယ်” ဟုTNLA ပြန်ကြားရေးအရာရှိက ယနေ့နံနက်တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။