Connect with us

Hi, what are you looking for?

သတင်း

မြို့သစ်မြို့ ရှိ စစ်တပ်နှင့်ပျူစခန်းတစ်ခုကိုPDFများသိမ်းပိုက်

တမူး-ဟုမ္မလင်းလမ်းပေါ်ရှိ သနန်ကျေးရွာစခန်းကို သိမ်းပိုက်ရရှိခြင်းဟု တမူးPDF တပ်ရင်း(၄)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

(တမူးPDF တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-တမူးPDF)
(တမူးPDF တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-တမူးPDF)

တမူးခရိုင်၊ မြို့သစ်မြို့ ၊ သနန်ကျေးရွာရှိ စစ်ကောင်စီ တပ်နှင့် ပျု​စောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့သည်။

တမူး-ဟုမ္မလင်းလမ်းပေါ်ရှိ သနန်ကျေးရွာစခန်းကို သိမ်းပိုက်ရရှိခြင်းဟု တမူးPDF တပ်ရင်း(၄)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သိမ်းထားလိုက်ပြီ။ မနေ့ နေ့ခင်းကတော့ဟတ်စကီရော၊ ဂျက်ဖိုက်တာရော လာတယ်။ ပစ်တော့ မသွားဘူး” ဟု ၎င်းကဆက်ပြောသည်။

နိုဝင်ဘာလ ၇ ရက်ကလည်း တမူး – ကလေး အာရှလမ်းမကြီးပေါ်ရှိ မန်မော်ကျေးရွာမှ စစ်ကောင်စီနှင့် ပျုစောထီးစခန်းကို တမူးPDF တပ်ရင်း(၄)ကစီးနင်းတိုက်ခိုက်ပြီး မီးရှို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတွင် တမူးမြို့နယ်နှင့် ပတ်ဝန်းကျင်၌ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။ ပန်းသာရွာရှိ စစ်ကောင်စီစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေသည်။

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကိုလည်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်

ရေးအဖွဲ့များက နိုဝင်ဘာ ၇ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ခမ်းပါတ်မြို့ကို အပြည့်အဝတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။