Connect with us

Hi, what are you looking for?

သတင်း

မြို့သစ်မြို့ ရှိ စစ်တပ်နှင့်ပျူစခန်းတစ်ခုကိုPDFများသိမ်းပိုက်

တမူး-ဟုမ္မလင်းလမ်းပေါ်ရှိ သနန်ကျေးရွာစခန်းကို သိမ်းပိုက်ရရှိခြင်းဟု တမူးPDF တပ်ရင်း(၄)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

(တမူးPDF တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-တမူးPDF)
(တမူးPDF တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-တမူးPDF)

တမူးခရိုင်၊ မြို့သစ်မြို့ ၊ သနန်ကျေးရွာရှိ စစ်ကောင်စီ တပ်နှင့် ပျု​စောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့သည်။

တမူး-ဟုမ္မလင်းလမ်းပေါ်ရှိ သနန်ကျေးရွာစခန်းကို သိမ်းပိုက်ရရှိခြင်းဟု တမူးPDF တပ်ရင်း(၄)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သိမ်းထားလိုက်ပြီ။ မနေ့ နေ့ခင်းကတော့ဟတ်စကီရော၊ ဂျက်ဖိုက်တာရော လာတယ်။ ပစ်တော့ မသွားဘူး” ဟု ၎င်းကဆက်ပြောသည်။

နိုဝင်ဘာလ ၇ ရက်ကလည်း တမူး – ကလေး အာရှလမ်းမကြီးပေါ်ရှိ မန်မော်ကျေးရွာမှ စစ်ကောင်စီနှင့် ပျုစောထီးစခန်းကို တမူးPDF တပ်ရင်း(၄)ကစီးနင်းတိုက်ခိုက်ပြီး မီးရှို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတွင် တမူးမြို့နယ်နှင့် ပတ်ဝန်းကျင်၌ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။ ပန်းသာရွာရှိ စစ်ကောင်စီစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေသည်။

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကိုလည်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်

ရေးအဖွဲ့များက နိုဝင်ဘာ ၇ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ခမ်းပါတ်မြို့ကို အပြည့်အဝတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် ၄ဦးသေ၊ ၄ဦးအရှင်ဖမ်းမိဟု PDFဗျူဟာ(၃၃)ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။