Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မှာ ကုန်တင်ယာဉ်တန်း မီးလောင်ခဲ့အပြီး နယ်စပ်မှာ စစ်ရေးလေ့ကျင့်ဖို့ တရုတ်စီစဉ်

နယ်စပ် ပဋိပက္ခတွေကို အကြောင်းပြုပြီး တရုတ်-မြန်မာ ဆက်ဆံရေးကလည်း လက်ရှိ အချိန်မှာ ရှားရှားပါးပါး အနေနဲ့ အဆိုးဖက်ကို ဦးတည်နေတာ တွေ့ရပါတယ်။

(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)
(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)

နယ်စပ်တစ်ဖက်ခြမ်း မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ အရှိန်မြင့်နေတဲ့အချိန် တရုတ်စစ်တပ်က နယ်စပ်ဧရိယာနားမှာ စစ်ရေးလေ့ကျင့်သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံနယ်စပ် ကျင်စန်း​ကျော့ ကုန်တင်ယာဉ်ဂိတ်တန်းမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး မီးဟုန်းဟုန်း တောက်လောင်တဲ့ ပဋိပက္ခ နောက်ဆက်တွဲဒဏ် ခံစားခဲ့ရတဲ့နောက် တရုတ်က အင်အားပြတဲ့ သဘောမျိုး စစ်ရေးလေ့ကျင့်မယ့် ကိစ္စကို အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။

(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)
(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)

တရုတ်ရဲ့ နယ်စပ်နားက စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို နိုဝင်ဘာ ၂၅ ရက်မှာ စတင်မယ်လို့ ဆိုပါတယ်။ နယ်စပ်မှာ ကုန်တင်ယာဉ်တန်း မီးလောင်တဲ့ ဖြစ်စဉ်ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ လက်ချက်လို့ စစ်​ကောင်စီက လွှဲချထားပါတယ်။ စစ်​ကောင်စီတပ်ဟာ ညီ​နောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်​ရေးမှာ စခန်း​တွေတစ်ခုပြီးတစ်ခု ဆုံးရှုံးပြီးအထိနာတဲ့ အခါ လက်နက်ကြီးနဲ့ ​လေ​ကြောင်ူပစ်ကူကို အဓိကအားထားပြီးပစ်ခတ်တုံ့ပြန်​နေတာဖြစ်ပါတယ် ။

တရုတ် အစိုးရဟာ မြန်မာဖက်ခြမ်းက မတည်ငြိမ်မှု ဂယက်တွေ ကူးစက်လာပြီး ပြည်တွင်း လုံခြုံရေး ထိပါးလာမှာကို အလေးအနက် စိုးရိမ်နေပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်မှာရှိတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကိုလည်း အတိအလင်း ဖိအားပေးထားပြိး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ် ပဋိပက္ခတွေကို အကြောင်းပြုပြီး တရုတ်-မြန်မာ ဆက်ဆံရေးကလည်း လက်ရှိ အချိန်မှာ ရှားရှားပါးပါး အနေနဲ့ အဆိုးဖက်ကို ဦးတည်နေတာ တွေ့ရပါတယ်။

(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)
(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)

နယ်စပ်မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ အချိန်မီ လိုအပ်သလို တုံ့ပြန်နိုင်မှု စွမ်းရည်၊ ပစ်ခတ်မှုစွမ်းအား၊ နယ်စပ်တွေကို ချက်ချင်း ပိတ်ပစ်နိုင်စွမ်း စတာတွေကို ဆန်းစစ်ဖို့ ရည်ရွယ်ထားတယ်လို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ တောင်ပိုင်း စင်္ကြံ စစ်ဦးစီး ဌာနချုပ်က WeChatကနေ ထုတ်ပြန်ခဲ့ပါတယ်။ လေ့ကျင့်မှု အစီအစဉ်မှာ တပ်ဖွဲ့ဝင် ဘယ်လောက် ပါဝင်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်မျိုးတွေကိုတော့ မသိရသေးပါဘူး။

(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)
(ကျင်စန်ူ​ကျော့ကားဂိတ်တွင် လက်နက်ကြီးကျည်ထိမှန်​ပေါက်ကွဲမီး​လောင်​နေစဥ်/ တရုတ်ပြည်သူ့လွတ်မြာက်​ရေးတပ်စစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-SCMP၊ CJ)

မြန်မာဖက်ခြမ်းက မူဆယ်မြို့မှာ ဖြစ်ပွားတဲ့ ကုန်တင်ယာဉ်တန်း မီးလောင်မှုဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ပွဲတွေမှာ အာဏာသိမ်းစစ်တပ် အလူးအလဲ အရေးနိမ့်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး ဖြစ်ပွားခဲ့တာပါ။ လောလောဆယ် စစ်တပ်ဟာ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မကြုံစဖူး အထူးပြင်းထန်တဲ့ တော်လှန်စစ်ပွဲတွေကို နိုင်ငံရဲ့ နေရာတချို့မျာ တပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေကလည်း ၂ သန်း ကျော်လာပြီလို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။