Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်ရှိကျောင်းအချို့တွင် စစ်တပ် တပ်စွဲလာ

စမ်းချောင်းမြို့နယ်အတွင်း၌လည်း အထက်တန်းကျောင်း တစ်ကျောင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။

(၂၀၂၁ ဇွန်လက ရန်ကုန်​ကျောင်းတစ်​ကျောင်း၏ ကျောင်းကား ပေါ်တွင် စစ်သားတစ်ဦးကို​တွေ့ရစဥ်။ဓါတ်ပုံ-EPA)
(၂၀၂၁ ဇွန်လက ရန်ကုန်​ကျောင်းတစ်​ကျောင်း၏ ကျောင်းကား ပေါ်တွင် စစ်သားတစ်ဦးကို​တွေ့ရစဥ်။ဓါတ်ပုံ-EPA)

“မြောက်ဥ(​မြောက်ဥက္ကလာပ) ထ-၃ မှာ ညဆိုဝင်တယ် ၊ မနက်ဆိုပြန်ထွက်တယ်။ အ.မ.က-၁၈ လည်းအဲဒီ့အတိုင်းပဲ”-​ဒေသခံပြည်သူ

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၏ မြို့နယ် အချို့ရှိစာသင်ကျောင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်နေထိုင်ကာတပ်စွဲမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

စမ်းချောင်း ၊ လှိုင် ၊ မြောက်ဥက္ကလာပ ၊​မြောက်ဒဂုံ စသည့် မြို့နယ်များရှိစာသင်ကျောင်း အချို့တွင် စစ်ကောင်စီဝင်များ တပ်စွဲနေထိုင်‌မှုရှိကြောင်း ဒေသခံများကပြောသည်။

“မြောက်ဥ(​မြောက်ဥက္ကလာပ) ထ-၃ မှာ ညဆိုဝင်တယ် ၊ မနက်ဆိုပြန်ထွက်တယ်။ အ.မ.က-၁၈ လည်း အဲဒီ့အတိုင်းပဲ ။ အ.ထ.က-၁ မှာတော့ အထိုင်ချထားပြီ။ ဇ ရပ်ကွက် ဓမ္မပါလ ဘုရားဝင်းထဲလည်း တပ်စွဲထားပြီ။ ဌ ရပ်ကွက် အ.လ.က-၂ မှာလည်း ညဆိုဝင်တယ်။ မနက်ဆိုပြန်ထွက်သွားတယ်” ဟု မြောက်ဥက္ကလာပမြို့တွင် နေထိုင်သူတစ်‌‌ဦးကပြောသည်။

မြောက်ဒဂုံမြို့နယ်ရှိအထက်တန်းကျောင်း အချို့တွင် စစ်​ကောင်စီတပ်သားများ တပ်စွဲလာ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ကျောင်းများ၌ တပ်စွဲခြင်းကို ယခုရက်ပိုင်းအတွင်း၌ ပြုလုပ်ဆောင်လာခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသောကြောင့် တပ်စွဲခြင်းဖြစ်နိုင်ကြောင်း အထက်ပါ​ဒေသခံကသုံးသပ်သည်။

ထို့အပြင် လှိုင်မြို့နယ်ရှိ ကျောင်း အချို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲနေထိုင်မှုရှိပြီး အချို့ကျောင်းများ၌ အထိုင်ချခြင်းမဟုတ်ဘဲ ယာယီနေထိုင်ခြင်းဖြစ်နိုင်ကြောင်း လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

“ဘာတာနားက ကျောင်းမှာတော့ လွန်ခဲ့တဲ့တစ်ပါတ်လောက်ကစပြီး တပ်စွဲတယ်လို့ကြားတယ်။ သီရိမြိုင်ဘက်ကကျောင်းမှာလည်း ရှိတယ်တဲ့။အမြဲတမ်းနေတာလား ။ ယာယီလားတော့သေချာမသိဘူး” ဟု ၎င်းကပြောသည်။

စမ်းချောင်းမြို့နယ်အတွင်း၌လည်း အထက်တန်းကျောင်း တစ်ကျောင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။

“အကြမ်းဖက်စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း ၊ တက္ကသိုလ်လိုနေရာမျိုးတွေမှာ တပ်စွဲလာတဲ့ အနေအထားတွေတွေ့ရတယ်။ ကျွန်တော်တို့စမ်းချောင်းမြို့နယ်မှာဆိုရင် အထက ကျောင်းတစ်ခုမှာ တပ်စွဲထားပြီလို့သိရတယ်။ ထို့အတူပဲ ဒဂုံတက္ကသိုလ်မှာလည်း စစ်တပ်က လုံခြုံရေးချထားတာကိုတွေ့ရတယ်။ ” ဟု ရဲဘော်ပီတာကြီးကပြောသည်။

ယင်းကဲ့သို့ပြုလုပ်ဆောင်ခြင်းသည် ကျောင်းသားအရွယ်ကလေးများကို လူသားဒိုင်းအနေဖြင့်အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်​ပြောသည်။

“သူတို့ရဲ့ကြောက်စိတ်ကတော်တော်ကြီးမားနေပြီ ။ သူတို့အကာအကွယ်မဲ့နေပြီ ။ တစ်နေ့တစ်ချိန်မှာ သူတို့ပြည်သူကိုလုပ်ခဲ့တဲ့ မကောင်းမှုတွေက သူတို့ပြန်ခံစားရတော့မယ်ဆိုတဲ့ အသိစိတ်တွေရှိနေတာကြောင့် ဒီလိုမလုပ်သင့်တဲ့ အပြုအမူတွေ မိုက်ရူးရဲဆန်တာတွေလုပ်နေတယ်လို့ပဲမြင်ပါတယ်” ဟု ရဲဘော်ပီတာကြီးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီကို ပြည်သူများက တခဲနက် လမ်း​ပေါ်ထွက် ၍ ရက်​ဆက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာ စစ်တပ်က ၂၀၂၁ ​မတ်လတွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများမတိုင်ခင် ရပ်ကွက်ထဲရှိ​ကျောင်းများ၌ တပ်လာစွဲခဲ့ဖူးသည်။ ယခုအကြိမ်တွင် ​တော်လှန်​ရေးတပ်ဖွဲ့များကနိုင်ငံတစ်ဝန်း တန်ပြန်ထိုးစစ်ဖြင့် စခန်းများမြို့များဆက်တိုက်သိမ်း​နေချိန်တွင် စစ်တပ်က ရန်ကုန်​​ကျောင်းအချို့၌ တပ်စွဲလာခြင်းဖြစ်သည်။

ရန်ကုန်ရှိ​ကျောင်းအချို့တွင် စစ်​ကောင်စီတပ် တပ်စွဲခြင်းနှင့် အတူ ရန်ကုန်၊​နေပြည်​တော် စ​သော​ဒေသများတွင် စစ်တပ်က အင်အားဖြည့်တင်း၍ ခံစစ်ပြင်​နေသည်ဟုသတင်းထွက်​နေ​သော်လည်း စစ်​ကောင်စီတပ်က ထို​ဒေသရှိ စစ်မှုထမ်း​ဟောင်းများကိုပင်​ခေါ်၍ရှေ့တန်းသို့​စေလွှတ်​နေ​ကြောင်းစုံစမ်းသိရသည်။ထို​ကြောင့်စစ်​ကောင်စီတပ်မှာ အင်အားနည်းလာ၍အ​ခြေအ​နေမှန် မသိ​စေရန် ​ကောလဟလများထုတ်လွှင့်​နေခြင်းလည်းဖြစ်နိုင်​ကြောင်း​ ​ထောက်ပို့ ရဲ​ဘော်တစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။