Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသောစစ်အုပ်စု တိုက်ခိုက်ခံရ

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြင်းမူတွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသောစစ်အုပ်စု တိုက်ခိုက်ခံရ
မြင်းမူတွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသောစစ်အုပ်စု တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသော စစ်အုပ်စုအား လျက်ဆား​ပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးဘေးရှိ ဝါစက်ကွင်းအတွင်း အရပ်ဝတ်ဖြင့်ကင်းစောင့်နေသော အင်အား ၁၅ဦးခန့်ရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်စွန်ရဲက ပြောသည်။

“ငါးကောင်က ကင်းစောင့်နေတယ်။ ကျန်တာက ပျူတွေလည်းပါတယ်။ ဂန်းနဲ့ရယ်ဒီဖြစ်နေတဲ့ကောင်တွေလည်း ရှိတယ်။ အဲဒီအချိန်မှာဝင်ပစ်တာ။”ဟု ဗိုလ်စွန်ရဲက ပြောသည်။

တိုက်ခိုက်မှုကြောင့် သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်အုပ်စုသည် မုံရွာ – မန္တလေးလမ်း၌ ခရီးသွားယာဥ်များအား စစ်ဆေးငွေတောင်းခံလေ့ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Zeroပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။