Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသောစစ်အုပ်စု တိုက်ခိုက်ခံရ

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြင်းမူတွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသောစစ်အုပ်စု တိုက်ခိုက်ခံရ
မြင်းမူတွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသောစစ်အုပ်စု တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသော စစ်အုပ်စုအား လျက်ဆား​ပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးဘေးရှိ ဝါစက်ကွင်းအတွင်း အရပ်ဝတ်ဖြင့်ကင်းစောင့်နေသော အင်အား ၁၅ဦးခန့်ရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်စွန်ရဲက ပြောသည်။

“ငါးကောင်က ကင်းစောင့်နေတယ်။ ကျန်တာက ပျူတွေလည်းပါတယ်။ ဂန်းနဲ့ရယ်ဒီဖြစ်နေတဲ့ကောင်တွေလည်း ရှိတယ်။ အဲဒီအချိန်မှာဝင်ပစ်တာ။”ဟု ဗိုလ်စွန်ရဲက ပြောသည်။

တိုက်ခိုက်မှုကြောင့် သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်အုပ်စုသည် မုံရွာ – မန္တလေးလမ်း၌ ခရီးသွားယာဥ်များအား စစ်ဆေးငွေတောင်းခံလေ့ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Zeroပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်