Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့အခြေစိုက် ခြေလျင်တပ်ရင်းခလရ(၅၄)အတွင်း ပေါက်ကွဲမီးလောင်

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ(၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂)တို့ရှိ သည်။

ခလရ(၅၄)တပ်တွင်း မီးလောင်မှုကို ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဥ်။ဓာတ်ပုံ -ပေးပို့)
ခလရ(၅၄)တပ်တွင်း မီးလောင်မှုကို ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဥ်။ဓာတ်ပုံ -ပေးပို့)

ကရင်နီပြည်နယ် လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ(၅၄)တွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ကြောင်း ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ကရင်နီပူးပေါင်းတပ်များ၏ ‘၁၁၁၁ စစ်ဆင်ရေး’၂၁ ရက်မြောက်နေ့(ဒီဇင်ဘာ ၁ ရက်)တွင် လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး ခလရ(၅၄)တပ်အတွင်း မီးလောင်ပေါက်ကွဲမှု အသေးစိတ်ကိုမှု စုံစမ်းဆဲဟု ၎င်းတို့က ဆိုသည်။

“နေ့လည် ၁ နာရီ ၁၅လောက်က ဖြစ်တာ။အရင်ဆုံးပေါက်ကွဲသံကြားပြီး မီးခိုလုံးတွေ ထွက်လာမှ ၅၄တပ်ထဲက ဖြစ်တာမှန်းသိတာ။၂ နာရီကျော်လောက်မှာ ငြိမ်သွားတယ်”ဟု လွိုင်ကော်မြို့ဒေသခံတစ်ဦးက ပြောသည်။

ခလရ(၅၄)တပ်သည် မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင်ရှိပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ လွိုင်ကော်)နှင့်အနီးဆုံး အခြေစိုက်တပ်တစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အခု ပေါက်ကွဲမှု မတိုင်ခင်အထိ စကစဘက်က ခဲယမ်း၊လက်နက်၊လူကို လေကြောင်းကနေအားဖြည့် တဲ့နေရာမှာ ခလရ(၅၄)ကို အဓိကထားအသုံးပြုနေ တာဖြစ်တယ်။ဘာကြောင့် ဖြစ်သွားတယ်ဆိုတာတော့ အတည်ပြုဖို့ခက်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ(၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂)တို့ရှိ သည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က အသိပေးထားသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

သတင်း

ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။

သတင်း

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။