Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အခြေစိုက် ခြေလျင်တပ်ရင်းခလရ(၅၄)အတွင်း ပေါက်ကွဲမီးလောင်

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ(၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂)တို့ရှိ သည်။

ခလရ(၅၄)တပ်တွင်း မီးလောင်မှုကို ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဥ်။ဓာတ်ပုံ -ပေးပို့)
ခလရ(၅၄)တပ်တွင်း မီးလောင်မှုကို ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဥ်။ဓာတ်ပုံ -ပေးပို့)

ကရင်နီပြည်နယ် လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ(၅၄)တွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ကြောင်း ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ကရင်နီပူးပေါင်းတပ်များ၏ ‘၁၁၁၁ စစ်ဆင်ရေး’၂၁ ရက်မြောက်နေ့(ဒီဇင်ဘာ ၁ ရက်)တွင် လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး ခလရ(၅၄)တပ်အတွင်း မီးလောင်ပေါက်ကွဲမှု အသေးစိတ်ကိုမှု စုံစမ်းဆဲဟု ၎င်းတို့က ဆိုသည်။

“နေ့လည် ၁ နာရီ ၁၅လောက်က ဖြစ်တာ။အရင်ဆုံးပေါက်ကွဲသံကြားပြီး မီးခိုလုံးတွေ ထွက်လာမှ ၅၄တပ်ထဲက ဖြစ်တာမှန်းသိတာ။၂ နာရီကျော်လောက်မှာ ငြိမ်သွားတယ်”ဟု လွိုင်ကော်မြို့ဒေသခံတစ်ဦးက ပြောသည်။

ခလရ(၅၄)တပ်သည် မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင်ရှိပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ လွိုင်ကော်)နှင့်အနီးဆုံး အခြေစိုက်တပ်တစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အခု ပေါက်ကွဲမှု မတိုင်ခင်အထိ စကစဘက်က ခဲယမ်း၊လက်နက်၊လူကို လေကြောင်းကနေအားဖြည့် တဲ့နေရာမှာ ခလရ(၅၄)ကို အဓိကထားအသုံးပြုနေ တာဖြစ်တယ်။ဘာကြောင့် ဖြစ်သွားတယ်ဆိုတာတော့ အတည်ပြုဖို့ခက်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ(၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂)တို့ရှိ သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

လွိုင်ကော်မြို့သို့ရောက်ရှိနေသော စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးအတွက် မြို့အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။