Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်မြို့မှ ခလရ ၅၄ ၏လက်နက်တိုက်ပြာကျ

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က အသိပေးထားသည်။

(စစ်​ကောင်စီတပ်၏ ခလရ ၅၄ လက်နက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်မခံရခင် အ​ပေါ်ပုံ နှင့် တိုက်ခိုက်ခံရပြီး​နောက် ပျက်စီးသွားမှု ​အောက်ပုံ။ ဓါတ်ပုံ - လွိုင်​ကော်PDF)
(စစ်​ကောင်စီတပ်၏ ခလရ ၅၄ လက်နက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်မခံရခင် အ​ပေါ်ပုံ နှင့် တိုက်ခိုက်ခံရပြီး​နောက် ပျက်စီးသွားမှု ​အောက်ပုံ။ ဓါတ်ပုံ - လွိုင်​ကော်PDF)

ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော လွိုင်ကော်မြို့အခြေစိုက် ​ခြေလျင်တပ်ရင်း(ခလရ ၅၄)တပ်အတွင်းရှိ လက်နက်တိုက်ပြာကျသွားကြောင်း လွိုင်​ကော် PDF ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်တွင်း ဖရဲသီး၏သတင်းပေးမှုအရ လွိုင်ကော်အခြေစိုက် ခလရ ၅၄ တပ်တွင်းရှိ လက်နက်တိုက်ကို ဒီဇင်ဘာ ၁ ရက်က လွိင်​ကော် PDF နှင့် Falcon Wings တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု အသိ​ပေးထားသည်။ ဒရုန်းဖြင့်တိုက်ခ်ုက်မှု​ကြောင့် ​ပေါက်ကွဲပြီး​နောက်လက်နက်တိုက်မှာ မီး​လောင်ကျွမ်း ​ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားပြီး အ​ဆောက်အအုံ​ရော ၊လက်နက်ခဲယမ်းများပါ ပြာကျသွားခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ လွိုင်ကော်မြို့အခြေစိုက် ခလရ ၅၄တပ်အတွင်းမှာရှိတဲ့ လက်နက်တိုက်ကို မြေပုံပေါ်မှ ဖျောက်ဖျက်ပစ်လိုက်ပြီဖြစ်ပါတယ်”ဟု လွိုင်​ကော်PDFက ရုပ်ပုံနှင့်တစ်ကွ ထုတ်ပြန်သည်။

လက်ရှိအခြေအနေအရ စစ်ရေးအရှိန်အဟုန်မြင့်တက်လာသည့်အတွက် ပြည်သူများ၏ ထောက်ပံ့မှုများစွာ လိုအပ်နေသေးပြီး ပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က အသိပေးထားသည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေ ဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊ ရဲစခန်း၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ အထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ တက္ကသိုလ် နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားပြီး မြို့တွင်းတိုက်ပွဲများပြင်းထန်​နေသည်။

စစ်တပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကိုအဓိကအသုံးပြု၍ တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းရာ သေဆုံးထိခိုက်မှုရှိပြီး လက်နက်တွေ ထပ်မံသိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။