Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲနှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ထား

မိုးဗြဲ ၁၁၁၁စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၈ခုနှင့် ဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက်နှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားသည်။

(မိုးဗြဲPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MB PDF)
(မိုးဗြဲPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MB PDF)

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများကို ပိတ်ဆို့ထားနိုင်ကြောင်း မိုးဗြဲ ၁၁၁၁စစ်ဆင်ရေးမှ တာဝန်ရှိသူ ဗိုလ်နေကောင်းက လူထုနွေဦးသို့ပြောသည်။

‘၁၁၁၁စစ်ဆင်ရေး’စတင်ခဲ့ပြီးနောက် မိုးဗြဲမြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖယ်ခုံမြို့ပတ်ဝန်းကျင် ရှိ စစ်ကောင်စီတပ် စခန်းများကို ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

“လက်ရှိ မိုးဗြဲမြို့ကိုတော့ထိန်းချုပ်ထားနိုင်တယ်။ ခမရ ၄၂၂ တပ် တော့ ကျန်သေးတယ်။ပိတ်ဆို့မှုတွေ လုပ်ထားနိုင်တဲ့အနေအထားရှိတယ်။ဖယ်ခုံ ဘက်မှာဆိုလည်း မြို့ထဲတော့ မဝင်သေးဘူး။မြို့ပြင်ဘက်ကိုတော့ ကျွန်တော်တို့ ဖြတ်တောက်ထားနိုင်ပြီ”ဟု ဗိုလ်နေကောင်းက ရှင်းပြသည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ ခမရ(၃၃၇)နှင့် ခမရ (၄၂၁)တပ်များ အခြေစိုက်ထားသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲ ၁၁၁၁စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၈ခုနှင့် ဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက်နှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားသည်။

သို့သော် သိမ်းဆည်းရရှိထားသည့် လက်နက်များနှင့် စစ်သုံ့ပန်းအရေအတွက်ကိုမူ စစ်ဆင်ရေးပြီးဆုံးချိန်၌ ကြေညာမည်ဟုအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

သတင်း

ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။