Connect with us

Hi, what are you looking for?

သတင်း

ကြွယ်ပုံရွာမှ ပျူစောထီးသုံးဦးတိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ လက်နက် တစ်လက်ရ

ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ထွက်လာသော ပျူစောထီး သုံးဦးအား ပစ်ခတ်ရာ ဇော်ဦးဆိုသူအား ရှင်းလင်းနိုင်ခဲ့ကြောင်း PHOENIX (SGG) အဖွဲ့၏ တာဝန်ခံက ပြောသည်။

သိမ်းဆည်းရမိသော သေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Phoenix SGG
သိမ်းဆည်းရမိသော သေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Phoenix SGG

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကြွယ်ပုံပျူစောထီးရွာမှ ပျူသုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းသိမ်းည်းနိုင်ခဲ့ကြောင်း PHOENIX(SGG)အဖွဲ့၏ တာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ထွက်လာသော ပျူစောထီး သုံးဦးအား ပစ်ခတ်ရာ ဇော်ဦးဆိုသူအား ရှင်းလင်းနိုင်ခဲ့ကြောင်း PHOENIX (SGG) အဖွဲ့၏ တာဝန်ခံက ပြောသည်။

၎င်းကိုင်ဆောင်လာသည့် G3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခုနှင့် ကျည် ၁၇တောင့်တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းဆည်းနိုင်ခဲ့သည်။

“ကြွယ်ပုံရွာနားမှာပဲ ဖြစ်တာ။ ပျူတွေက ခြေကျင် ထွက်လာတာ။ သုံးယောက်ထွက်လာတယ်။ နောက်ချန်အင်အားကတော့ များတယ်။ ကျတဲ့ကောင်က ရှေ့ဆုံးကနေသူ တစ်ယောက် တည်း တက်လာတာ။ ခွေးနဲ့ပျူက နောက်ချန် အင်အားများတဲ့အတွက် လက်ဦးမှုယူပစ်ပြီး အလက်ကောက်ပီးပြန်လာတာပါ”ဟု PHOENIX (SGG)အဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကြွယ်ပုံကျေးရွာမှ စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ​တော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို PHOENIX SGG၊ စစ်ကိုင်းပကဖ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Young People Defence Force၊ Fight For Federal၊ Royal Falcon Guerilla Force၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကြွယ်ပုံကျေးရွာသည် စစ်ကိုင်းမြို့နယ်အတွင်း ပျူစောထီးအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး အနီးဝန်းကျင်ရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများအားဖမ်း​ဆီးခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook