Connect with us

Hi, what are you looking for?

သတင်း

ဆန်ဈေးမြင့်တက်နေချိန်တွင် အမည်ပျက်စာရင်းသွင်းထားသည့်ကုမ္ပဏီ ၃ခုကိုပယ်ဖျက်ပြီး ဆန်တင်ပို့ခွင့် စစ်ကောင်စီခွင့်ပြုပြန်

ပြည်တွင်း၌ ဆန်​ဈေးတက်ပြီး ပြည်သူအများစုစားဝတ်​နေ​ရေး ခက်ခဲ​နေချိန်တွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရန် ဆန် ပြည်ပတင်ပို့မှုကို တိုး၍ တင်ပို့နေသည်။

(ရန်ကုန်ရှိဆိပ်ကမ်းတစ်ခုတွင် ဆန်အိတ်များကို သ​ဘော်​ပေါ်တင်​ဆောင်စဥ်။ဓါတ်ပုံ-GNLOM)
(ရန်ကုန်ရှိဆိပ်ကမ်းတစ်ခုတွင် ဆန်အိတ်များကို သ​ဘော်​ပေါ်တင်​ဆောင်စဥ်။ဓါတ်ပုံ-GNLOM)

ပြည်တွင်းဆန်ဈေးမြင့်တက်နေပြီး ပြည်ပဆန်ပိုမိုတင်ပို့​နေချိန်တွင် စစ်​ကောင်စီက အမည်ပျက်စာရင်းသွင်းထားသည့် ကုမ္ပဏီ ၃ ခုကို စာရင်းပယ်ဖျက်ပြီး ဆန်ပြန်လည်တင်ပို့ခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီ ၃ ခုသည် ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ငွေကြေးလွဲပြောင်းမှုကို လက်ခံခဲ့သည့်အတွက် စစ်ကောင်စီက အမည်ပျက်သွင်းခဲ့ခြင်းဖြစ်သည်။ ထို​နောက် နိုင်ငံခြားငွေကို ပြည်တွင်းသို့ပြန်လည်ယူဆောင်လာခြင်းကြောင့် ဟုဆိုကာအမည်ပျက်စာရင်းက ပယ်ဖျက်က ဆန်ဆက်လက်တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဇန်နဝါရီ ၂၂ ရက်တွင်ထုတ်ပြန်လိုက်သည်။

Paing Family International ကုမ္ပဏီ၊ Millionaire Phyo Trading ကုမ္ပဏီနှင့် Ayar Thu Kha San Pulses & Beans Tradingကုမ္ပဏီတို့ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း ဆန်ဈေးမြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၅၅,၀၀၀၊ ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၃၅,၀၀၀ ၊ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁၀၇,၀၀၀ အထိ ရှိလာသည်။ ထိုဈေးနှုန်း ဆန်တအိတ်ကို တလအတွင်း ကျပ် ၂၀၀၀၀ ခန့်မြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဈေးနှုန်းများသည် ရန်ကုန်မြို့အတွင်းဈေးနှုန်းများဖြစ်ပြီး နယ်မြို့များတွင် ဆန်ဈေးနှုန်းမှာ ပိုမို မြင့်တက်နေသည်ဟု ဆန်ကုန်သည်များကပြောသည်။

“ဆန်ဈေးက တက်တယ်။ စက်သုံးဆီတက်တာရယ်။ နယ်မြေကူးသန်းသယ်ဆောင်ခွင့်ကန့်သတ်ခန့်ရတာကြောင့် ဆန်ဈေးက တစ်နေရာနဲ့ မတူအောင်ဈေးနှုန်းကွာနေတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

ပြည်တွင်းဆန်ဈေးမြင့်တက်နေချိန်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီကထိန်းချုပ်ထားသည့် ဆန်စပါးအသင်းချုပ်က ပြင်ပပေါက်ဈေးထက် ဆန်တစ်အိတ်လျင် ကျပ် ၂၀၀၀၀ ခန့် ဈေးနှိမ့်က ဈေးဖွင့်ထားသည်။

ပြည်တွင်း၌ ဆန်​ဈေးတက်ပြီး ပြည်သူအများစုစားဝတ်​နေ​ရေး ခက်ခဲ​နေချိန်တွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရန် ဆန် ပြည်ပတင်ပို့မှုကို တိုး၍ တင်ပို့နေသည်။

စစ်ကောင်စီက ၂၀၂၃ခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅သန်းကျော်တင်ပို့ခဲ့ကာ ဒေါ်လာသန်း ၇၁၀ကျော်ရရှိခဲ့ကြောင်း ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ်တွင်စစ်ကောင်စီက ပြည်ပသို့ဆန် ၂ ဒသမ ၂ သန်းတင်ပို့ခဲ့သည်။

လက်နက်နှင့်​လေယာဥ်ဆီ ဝယ်ယူရန် ​​ဒေါ်လာလိုအပ်​နေ​သောစစ်​ကောင်စီက ယခုနှစ်တွင် ဆန်ပြည်ပတင်ပို့မှုကို တိုးရန်အတွက် ၂၀၂၃ ဧပြီလမှ ၂၀၂၄ မတ်လအထိ ပြည်ပသို့ ဆန် တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ပြီး ဒေါ်လာ တစ်ဘီလီယံရရှိရန် စီစဥ်​နေခြင်းဖြစ်သည်။

ထို​ကြောင့်၂၀၂၃ ဒီဇင်ဘာလတစ်လအတွင်းမှာပင် ပြည်ပကို ဆန်တန်ချိန် ၂သိန်းခန့်တင်ပို့ခဲ့ပြီးနိုင်ငံခြား‌ငွေဒေါ်လာ သန်း ၁၀၀ခန့်ရရှိခဲ့သည်။ ဒီဇင်ဘာလအတွင်း ဆန်တင်ပို့မှုကို ကုမ္ပဏီ ၅၅ ခုက ဆောင်ရွက်ခဲံ့ခြင်းဖြစ်သည်။ ထိုပမာဏာသည် လွန်ခဲ့သည့် ၉လအတွင်း အမြင့်ဆုံး ဆန်တင်ပို့မှုဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။