Connect with us

Hi, what are you looking for?

သတင်း

တံတားဦးလေတပ်စခန်းကို (၁၀၇)မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု မြို့ပြပြောက်ကျားအဖွဲ့ USO ပြော

စစ်​ကောင်စီ၏​လေတပ်စခန်းများတွင် တံတား​လေတပ်စခန်းနှင့် ​နေပြည်​တော်​လေတပ်စခန်းတို့မှာ စစ်ဆင်​ရေးအများဆုံးပြုလုပ်​သော​အဓိက​လေတပ်စခန်းများဖြစ်သည်။

(စစ်ကောင်စီ​၏ တံတားဦးလေတပ်စခန်းကို Google Earth တွင်တွေ့ရမှု)
(စစ်ကောင်စီ​၏ တံတားဦးလေတပ်စခန်းကို Google Earth တွင်တွေ့ရမှု)

▪️၁၂လုံးပစ်ခတ်ရန်ချိန်ရွယ်သော်လည်း၅ လုံးပစ်ခတ်ပြီး ခုနစ်လုံးချို့ယွင်းမှုဖြစ်၍ ထားခဲ့ဟုဆို

မန္တလေးမြို့ တံတားဦးမြို့နယ်မှ စစ်ကောင်စီလေတပ်စခန်းကို တာဝေးပစ် (၁၀၇) မမ ငါးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (USO)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ကျွန်တော်တို့သည် ၁၂လုံးပစ်ခတ်ရန် ရည်ရွယ်ထားသော်လည်း သယ်ယူရာလမ်းခရီးကြမ်းတမ်းခြင်း ၊ ရန်သူနှင့်နီးကပ်စွာ မစ်ရှင်ပြုလုပ်ရခြင်းတို့ကြောင့် ၇လုံးခန့် ချွတ်ယွင်းချက် ဖြစ်ကာ ၅လုံးသာပစ်လွှတ်နိုင်ခဲ့သည်။ “ဟု USO က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၉ မိနစ်တွင် ယင်းမစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးBrave Warriors For Myanmar(BWM) ၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး နှင့်အတူ Security & Special Task Force (SSTF-MDY) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အတွင်းသတင်းအရတော့ ထိခိုက်ပျက်စီးမှုရှိတယ်ပဲ ကနဦး ပြောပါသေးတယ်။ နောက်ဆက်တွဲခြေနေကိုသေချာထပ်ပြီးဖော်ပြသွားပါမယ်”ဟု USO မှ တာဝန်ရှိသူက ပြောသည်။

မစ်ရှင်ပြုလုပ်ရာတွင် ၅ လုံးကိုပစ်ခတ်နိုင်ပြီး ၊ ချို့ယွင်းသွား( Error ဖြစ်) သော ကြောင့်သုံးမရသည့် (၁၀၇) မမ ၇ လုံးကို ရဲဘော်များဘေးလွတ်ကင်းစေရန် ရည်ရွယ်၍ ထားခဲ့ရပြီး ယင်းပစ္စည်းများကို စစ်ကောင်စီက သိမ်းဆည်းသွားကြောင်း ၎င်းက ဆိုသည်။

“USO တောင်ပိုင်းစစ်ဆင်မြို့ပြတွေဆီပြန်လာမယ်”ဟု ၎င်းတို့၏စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည့်အကြောင်းကို အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် အဆိုပါလေတပ်စခန်းအနီးကို စစ်ကောင်စီက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“နောက်နောင်တွင် ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စုတို့၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သတ်ဆက်နွယ်သူများ ၊ပတ်သတ်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များဖြင့်ပူးပေါင်း၍ စစ်ဆင်ရေးအားဆက်လက်ဖော်ဆောင်သွားမည်” ဟု USO ကထုတ်ပြန်ထားသည်။

“ရဲဘော်အားလုံး Safe Zone ရောက်ပါပြီ”ဟု Brave Warriors For Myanmar (BWM) မှတာဝန်ရှိသူက ပြောသည်။

ယင်းနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားများက လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် တံတားဦး​လေတပ်ကို တိုက်ခိုက်မည့် ​၁၀၇ မမ ​ရှော့တိုက်ဒုံးများသိမ်းဆည်းရမိသည်ဟု ​ယမန်​နေ့ညတွင်​ရေးသား​ဖော်ပြ​နေကြသည်။

၂၀၂၃ ဖေဖော်ဝါရီ ၉ရက် ညကလည်း တံတားဦးလေတပ်စခန်းအား (၉၀)မမ ရှော့တိုက်ဒုံး လက်နက်ကြီး လေးလုံးဖြင့် ပစ်ခက်တိုက်ခိုက်ခံရသေးသည်။

တံတားဦး​လေတပ်စခန်းသည်တိုင်းရင်းသားဒေသများအပါအဝင် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ သတ်ဖြတ်နေသည့် အဓိကနေရာဖြစ်သော​ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းUSOမှ တာဝန်ရှိသူက ပြောသည်။

စစ်​ကောင်စီ၏​လေတပ်စခန်းများတွင် တံတား​လေတပ်စခန်းနှင့် ​နေပြည်​တော်​လေတပ်စခန်းတို့မှာ စစ်ဆင်​ရေးအများဆုံးပြုလုပ်​သော​အဓိက​လေတပ်စခန်းများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

မဟာမိတ်အဖွဲ့များသည် ဒီဇင်ဘာ ၁၁ရက်က တောင်ငူလေတပ်စခန်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

သတင်း

မှော်ဘီလေတပ်စခန်းသို့ စစ်ခေါင်းဆောင်လာရောက်မည်ဟု သတင်းကြားသောကြောင့် ပြည်သူများအနေဖြင့် သတိထားကြရန် ယင်းအဖွဲ့က သတိပေးသည်။