Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းကို အီရန်ဒရုန်း တိုက်ခိုက်တာ ခံခဲ့ရတဲ့နောက် ဆိုက်ပရပ်စ်ဆီ ဗြိတိန်က စစ်သင်္ဘောစေလွှတ်

အီရန်စစ်ပွဲနဲ့ ဆက်စပ်ပြီး ဆိုက်ပရပ်စ်ကို တော်ဝင်ရေတပ် စစ်သင်္ဘောတစ်စီး အားဖြည့် စေလွှတ်သွားမယ်လို့ ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - MoD

အီရန်စစ်ပွဲနဲ့ ဆက်စပ်ပြီး ဆိုက်ပရပ်စ်ကို တော်ဝင်ရေတပ် စစ်သင်္ဘောတစ်စီး အားဖြည့် စေလွှတ်သွားမယ်လို့ ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။

ဆိုက်ပရပ်စ်ကျွန်း တောင်ပိုင်းမှာရှိတဲ့ ဗြိတိန်ရဲ့ အက်ခရိုထရီ လေတပ်စခန်းကို အီရန် ဒရုန်းနဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့နောက် တော်ဝင်ရေတပ်ရဲ့ HMS Dragonကို စေလွှတ်ဖို့ ဝန်ကြီးချုပ် ဆာကီရာ စတာမာက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Dragonဟာ Type 45 အမျိုးအစား ဖျက်သင်္ဘော တစ်စီးဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တော်ဝင်ရေတပ်ရဲ့ Wildcat ရဟတ်ယာဉ် နှစ်စီးကိုလည်း ဆိုက်ပရပ်စ်ဆီ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေမှာတော့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချနိုင်တဲ့ Martlet ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။

ဒရုန်းတစ်စီး ထိမှန်လို့ ဗြိတိန် လေတပ်စခန်းရဲ့ လေယာဉ်ပြေးလမ်း တစ်ခုမှာ အနည်းအကျဉ်း ပျက်စီးခဲ့တဲ့နောက် လုံခြုံရေး အားဖြည့်ဖို့ အခုလို စီစဉ်လာတာ ဖြစ်ပါတယ်။ Dragonကို စေလွှတ်တာဟာ လေတပ်စခန်းရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီစခန်းမှာ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး လက်နက်စနစ် တချို့ကိုလည်း ဖြန့်ကျက်ထားကြောင်း ဗြိတိန်က အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အီရတ်၊ ဂျော်ဒန်နဲ့ ကာတာတို့မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဝင်ရောက်လာတဲ့ အီရန် ဒရုန်းတွေကို ဗြိတိန် တပ်ဖွဲ့တွေက ကူညီ ပစ်ချပေးခဲ့ကြောင်းလည်း ပြောပါတယ်။

ဗြိတိန် တော်ဝင်ရေတပ်ဟာ Type 45 ဖျက်သင်္ဘော စုစုပေါင်း ၆ စီးပိုင်ဆိုင်ပြီး ၃ စီးက အသင့်အနေအထား ရှိနေချိန်တွေမှာ ကျန်တဲ့ ၃ စီးကို ပြင်ဆင် မွမ်းမံမှုတွေ လုပ်ထားလေ့ ရှိပါတယ်။ လက်ရှိမှာတော့ မြေထဲပင်လယ်ကို ဗြိတိန်ရဲ့ စစ်သင်္ဘောတွေ စေလွှတ်ထားမှု မရှိဘူးလို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဗြိတိန် အနေနဲ့ ဆိုက်ပရပ်စ်ရော၊ အဲဒီမှာ ရှိနေတဲ့ ဗြိတိန် တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက်ပါ အလေးအနက် အာရုံစိုက်ထားကြောင်း စတာမာက ဖျက်သင်္ဘော စေလွှတ်မယ့် ဆုံးဖြတ်ချက်နဲ့အတူ ကြေညာခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရေတပ်သား ၂၀၀ ကျော် စီးနင်းလိုက်ပါတဲ့ Dragonဟာ လေကြောင်းကာကွယ်ရေး စွမ်းရည်မှာ ကမ္ဘာ့ထိပ်တန်းအဆင့် ရေယာဉ်တစ်စီးလို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့တုန်းက ဗြိတိန်လေတပ်ရဲ့ F-35B တိုက်လေယာဉ်တွေဟာ ဂျော်ဒန် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အီရန် ဒရုန်းတွေကို ပစ်ချခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးကို Typhoon ဂျက်တိုက်လေယာဉ်တွေနဲ့ Voyager ဝေဟင်ဆီဖြည့် လေယာဉ်တွေက ပံ့ပိုးပေးခဲ့ပါတယ်။

အလားတူ အီရတ်မှာလည်း ဗြိတိန်တပ်တွေက အီရတ်လေပိုင်နက်ထဲ ကျော်ဝင်လာတဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချပေးခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ မတ်လ ၂ ရက်နေ့မှာတော့ ဗြိတိန်ရဲ့ Typhoon တိုက်လေယာဉ် တစ်စီးဟာ ကာတာပိုင်နက်ထဲ ဝင်လာတဲ့ ဒရုန်းတစ်စီးကို ခြေရာခံ ပစ်ချခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

နိုင်ငံတကာ

ရုရှားရဲ့ မြို့တစ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဗြိတိန်ရဲ့ စစ်လက်နက် ပညာရှင်တွေက ကူညီပံ့ပိုးခဲ့ကြကြောင်း ရုရှားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

HMS Prince of Walesရဲ့ ရေတပ်သားတွေဟာ နောက်ထပ် ၅ ရက်အတွင်း ပို့စ်မောက်သ်မြို့ ဆိပ်ကမ်းကနေ ထွက်ခွာနိုင်အောင် အသင့်ပြင်ဆင်ထားဖို့ အမိန့်စာ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ Prince of Walesဟာ ဗြိတိန်ရေတပ်က ပိုင်ဆိုင်တဲ့ လေယာဉ်တင် သင်္ဘောနှစ်စီးထဲက တစ်စီးဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲ ကာလအတွင်း အမေရိကန်ရဲ့ ပထမဆုံး ဗုံးကြဲလေယာဉ်ကြီး တစ်စီးဟာ ဗြိတိန်ကို ရောက်ရှိလာခဲ့ပါတယ်။