Connect with us

Hi, what are you looking for?

သတင်း

KIA က နမ့်ဖက်ကာ ခလရ ၁၂၃ ကို သိမ်းပိုက်

နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်ရင်းဌာနချုပ် စခန်းသိမ်းပိုက်နိုင်ရေးအတွက် KIAက ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ခဲ့ရပြီး ယနေ့ ဇန်နဝါရီ ၂၄ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုင်ခဲ့ခြင်းဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)
(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင်အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု​ပြောကြားသည်။

“ဒီနေ့ ဇန်နဝါရီ ၂၄ရက်နေ့ ညနေ ၃နာရီနဲ့ ၄နာရီကြားမှာ သိမ်းလို့ရတယ်ဆိုတဲ့ ကနဦးသတင်းကတော့ ရပါတယ်။ ဒါပေမဲ့ မြေပြင် သတင်းပြည့်ပြည့်စုံစုံကတော့ ဘာမှ မရသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့​ပြောသည်။

နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်ရင်းဌာနချုပ် စခန်းသိမ်းပိုက်နိုင်ရေးအတွက် KIAက ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ခဲ့ရပြီး ယနေ့ ဇန်နဝါရီ ၂၄ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုင်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာဟုတ်တယ်။ လက်နက်ခဲယမ်းရရှိမှုနဲ့ စကစ သေဆုံးမှု အသေးစိတ် မသိရသေးဘူး”ဟု ​​ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပြီး​နောက် စစ်​ကောင်စီတပ်က လေကြောင်းမှ ကဆက်တိုက်လာ​ရောက်ပစ်ခတ်​နေ​ကြောင်း ​ဒေသခံ တစ်ဦးက​ပြောသည်။

(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)
(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)

ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်နှင့်နမ့်ဆန်လေတပ်စခန်းမှတက်သော ဂျက်ဖိုက်တာနှစ်စင်းသည် နမ့်ဖက်ကာသို့ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် နမ့်ဖက်ကာရှိ ခမရ ၁၂၃ တပ်စခန်းမကျရေးအတွက် လေကြောင်း ပစ်ကူအကြိမ်ကြိမ်ပေး၍ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၁၆ရက် တိုက်ပွဲတွင်တရုတ်နိုင်ငံထုတ်FTC 2000G အမျိုးအစားတိုက်ခိုက်ရေးလေယာဉ်ဖြင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်စဉ် KIA က ပစ်ချခဲ့သည်။ ထို့နောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ယနေ့ သိမ်းယူနိုင်ခြင်းဟု သတင်းရရှိသည်။

(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)
(KIA တပ်ဖွဲ့ဝင်အချို့ စစ်​ရေး​လေ့ကျင့်​နေစဥ်/ စစ်​​ကောင်စီတပ်မှ တိုက်​လေယာဥွ်ကို KIA ပစ်ချပြီး​နောက်ပျက်ကျ​နေစဥ်/ နမ့်ဖက်ကာကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ-KIA ၊CJ)

KIA အနေဖြင့် နမ့်ဖက်ကာနှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားခြင်းအပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်းကို ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ယခု ဇန်နဝါရီ လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။ ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ကိုင်းတိုင်း ဒေသအချို့ တိုက်ပွဲများတွင်လည်း KIAနှင့် PDFများ အခြားမဟာမိတ်တပ်များက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။