Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်တွင် စစ်ရှောင်ဦးရေ တိုးလာနေပြီး လူဦးရေလေးသောင်းကျော်ရှိဟု PNFC ပြော

“စစ်ဘေးရှောင်စာရင်းထဲမှာ ကယား(ကရင်နီ) ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံ ပြည်သူများ ပါဝင်ပါတယ်” ဟု ကိုခွန်ဝါးကပြောသည်။

(ဆီဆိုင်မြို့နယ်မှ စစ်​ဘေး​ရှောင် ပြည်သူများနှင့် စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ဓာတ်ပုံ-CJ)
(ဆီဆိုင်မြို့နယ်မှ စစ်​ဘေး​ရှောင် ပြည်သူများနှင့် စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ဓာတ်ပုံ-CJ)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်ရမှု တိုးလာနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ဝါးက ပြောပြသည်။

လက်ရှိတွင် စစ်ရှောင်ဦးရေ ၄၃,၀၀၀ ကျော်ရှိသည်ဟု အသိပေးသည်။

“စစ်ဘေးရှောင်စာရင်းထဲမှာ ကယား(ကရင်နီ) ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံ ပြည်သူများ ပါဝင်ပါတယ်” ဟု ကိုခွန်ဝါးကပြောသည်။

အဆိုပါ ကိန်းဂဏန်း အချက်အလက်များသည် ဆီဆိုင်မြို့နယ်ရှိ လူဦးရေစာရင်းနှင့် အိမ်ခြေစာရင်း အပေါ် အခြေခံပြီး လက်ရှိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများကို အခြေခံကာ အနီးစပ်ဆုံးတွက်ထားခြင်းဖြစ်ကြောင်း၊ ယင်းတွက်ချက်မှုကို အုပ်ချုပ်ရေးမှူးဟောင်းနှင့် စခန်း ကော်မတီထံ အတည်ပြုကာ အနီးစပ်ဆုံးတွက်ချက်ထားခြင်းဖြစ်ကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်ရှောင်ဦးရေ တိုးလာနေပြီး နေရပ်ပြန်သည့် ဒေသခံ ပြည်သူများ မရှိသေးဟု ဆိုသည်။

ပအိုဝ်းဒေသ၌ ဇန်နဝါရီ ၂၁ရက်မှစ၍ PNLAနှင့် စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဇန်နဝါရီ လကုန်ပိုင်း၌ ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ဆီဆိုင်မြို့နှင့် ပအိုဝ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြို့တွင်း အခြေအနေလုံခြုံမှု အားနည်းနေဆဲဖြစ်ကြောင်း PNLAက အသိပေးထားပြီး မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိကာ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟု ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် မလိုလားသည့် ထိခိုက်မှုများ မဖြစ်စေရန် ဆီဆိုင်မြို့တွင်းသို့ ဝင်ရောက်ခြင်း၊ အိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းများ ပြန်သယ်ခြင်းမပြုသေးရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများ၌ ခေတ္တခုံလှုံနေထိုင်ကြရန်လည်း PNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။