Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းကာလ နှစ်ပတ်လည်မှာ စစ်တပ်ကို အရေးယူ ပိတ်ဆို့မှု အသစ်တွေ အမေရိကန်ကြေညာ

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။

(ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ် ။ဓါတ်ပုံ-​ရွှေဗျိုင်းဖြူ ၊ သိန်းဝင်း​ဇော်​ဖေစ်ဘွခ်)
(ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ် ။ဓါတ်ပုံ-​ရွှေဗျိုင်းဖြူ ၊ သိန်းဝင်း​ဇော်​ဖေစ်ဘွခ်)

▪︎​ကြယ်ငါးပွင့်၊ ​ရွှေဗျိုင်းဖြူ ကုမ္ပဏီ နှင့် ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို အမေရိကန်က ဒဏ်ခတ်အရေးယူ

စစ်တပ် အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလမှာ အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ စောင့်ကြိုနေခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရကို အဓမ္မ ဖြုတ်ချ အာဏာသိမ်းပြီး နိုင်ငံကို အမှောင်တိုက်ထဲ ဆွဲချခဲ့တဲ့ ၃ နှစ်မြောက် နှစ်ပတ်လည် မတိုင်ခင် တရက်အလို၊ ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန်က စစ်တပ်နဲ့ ဆက်နွှယ်မှု ရှိနေတဲ့ အဖွဲ့အစည်း ၂ ခုနဲ့ လူပုဂ္ဂိုလ် တချို့ကို စီးပွားရေး ပိတ်ဆို့ အရေးယူမှု အသစ်တွေ အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

(ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ် ။ဓါတ်ပုံ-​ရွှေဗျိုင်းဖြူ ၊ သိန်းဝင်း​ဇော်​ဖေစ်ဘွခ်)
(ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ် ။ဓါတ်ပုံ-​ရွှေဗျိုင်းဖြူ ၊ သိန်းဝင်း​ဇော်​ဖေစ်ဘွခ်)

လေတပ် အားသာချက်ကို တလွဲအသုံးချပြီး အရပ်သား ဧရိယာတွေကိုပါ မချန်ဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ စီးဝင်မှုတွေကို အမေရိကန်က ပစ်မှတ်ထား ပိတ်ဆို့နေပြီး အခုနောက်ဆုံး အရေးယူမှုတွေက အဲဒီ ကိစ္စအပြင် စစ်တပ်ရဲ့ စစ်လက်နက် ဝယ်ယူနိုင်စွမ်းကို ကန့်သတ်ဖို့ပါ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒတွေကို အဓိက တာဝန်ယူ ကိုင်တွယ်နေတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အာဏာသိမ်း​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်ပြီး အချိန်တိုအတွင်း လုပ်ငန်းများစွာပိုင်ဆိုင်လာတဲ့ရွှေဗျိုင်းဖြူ ကုမ္ပဏီများ အစုအဖွဲ့အပြင် ပိုင်ရှင်ဖြစ်သူ သိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်နဲ့ အရွယ်​ရောက်ပြီး သားသမီးတွေ ဖြစ်ကြတဲ့ မသိမ့်ဝင်းထက်နဲ့ ကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို

နာမည်ပျက် စာရင်းသွင်း ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်မှာ ကြေညာပါတယ်။

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။

ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စွပ်စွဲပါတယ်။ ဦးပိုင် လုပ်ငန်းကတော့ ၂၀၂၁ ကတည်းက အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု စက်ကွင်းထဲ ကျရောက်ခဲ့ပြီးသားပါ။

(ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ် ။ဓါတ်ပုံ-​ရွှေဗျိုင်းဖြူ ၊ သိန်းဝင်း​ဇော်​ဖေစ်ဘွခ်)
(ရွှေဗျိုင်းဖြူအုပ်စု ၏ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ဇနီး ဒေါ်တင်မင်းလတ် ၊သမီး သိမ့်ဝင်းထက် ၊သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ် ။ဓါတ်ပုံ-​ရွှေဗျိုင်းဖြူ ၊ သိန်းဝင်း​ဇော်​ဖေစ်ဘွခ်)

ဒါ့အပြင် အမေရိကန်ဟာ ဦးပိုင် လက်အောက်ခံ ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ Myanmar Five Star Lineကိုပါ ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီ ကုမ္ပဏီရဲ့ သင်္ဘောတွေက စစ်တပ်ရဲ့ ပြည်တွင်းဖြစ် လက်နက်တွေ ထုတ်လုပ်မှုမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ကူညီ ပို့ဆောင်ပေးနေတာကြောင့်ပါ။

အမေရိကန်ရဲ့ အဆိုအရ အဲဒီ ကုမ္ပဏီ နှစ်ခုဟာ စစ်တပ်ကိုယ်စား နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူတာတွေ၊ လောင်စာဆီ တင်သွင်းတာတွေ လုပ်ဆောင်ပေးခွင့် ရနေခဲ့တယ်လို့ သိရပါတယ်။ “အရပ်သား ပြည်သူတွေအပေါ် စစ်ရေးတိုက်ခိုက်မှုတွေ ကျူးလွန်နိုင်အောင် စစ်အာဏာရှင်တွေအတွက် အထောက်အပံ့ ဖြစ်စေတဲ့ ဝင်ငွေ ရင်းမြစ်တွေကို ကျွန်တော်တို့ အဓိက ပစ်မှတ်ထား ပိတ်ဆို့နေတာပါ”လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မီလာက သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီး စစ်တပ် အနေနဲ့ မိုက်မဲတဲ့ လမ်းကြောင်းအတိုင်း ရှေ့ဆက်တိုးနေတာကို ရပ်တန်းက ရပ်ဖို့လည်း အမေရိကန်က ထပ်လောင်း တောင်းဆိုကြောင်း သူက ပြောပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ခံရသူတွေဟာ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ ခံရမှာ ဖြစ်သလို အမေရိကန် လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း အဲဒီ အရေးယူခံထားရတဲ့ အစုအဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကို စီးပွားရေး အတူပူးပေါင်း လုပ်ဆောင်မှုကနေ တားမြစ်ထားမှာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နဲ့ အနောက်မဟာမိတ် အင်အားစုတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အထိနာစေမယ့် စီးပွားရေး ပိတ်ဆို့မှုတွေ ပြဋ္ဌာန်းနေပေမယ့် လုံလောက်တဲ့ ပမာဏမျိုး မဟုတ်သေးကြောင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အင်အားစုတွေက ထောက်ပြနေကြပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး ကဏ္ဍပေါင်းစုံမှာ ချွတ်ခြုံကျသွားပြီး နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူ ၂.၃ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။