Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် နမ့်တိန်းဗျူဟာကုန်းကိုKIA ဦး​ဆောင်​သောပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

နမ့်တိန်းဗျူဟာကုန်းကို ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေ ၄နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဖားကန့်KPDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်​ကောင်စီတပ်၏ တပ်မ(၃၃)လက်အောက်ခံ နမ့်တိန်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်က ယမန်နေ့(​ဖေ​ဖော်ဝါရီလ ၂ရက်) ညက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

နမ့်တိန်းဗျူဟာကုန်းကို ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေ ၄နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဖားကန့်KPDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

“စတိုက်ပြီး မိနစ်အနည်းငယ်က စပြီး ဖားကန့်ဘက်ကနေ လက်ကြီးပစ်ကူပေးခဲ့တာ။ ဒိစခန်းကို ဝိုင်းထားတာကြာပြီ။ လက်နက်မချလို့ တက်သိမ်းတာ” ဟု KPDF ထောက်ပို့ရဲဘော်တစ်ဦးကဆိုသည်။

(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

နမ့်တိန်းဗျူဟာကုန်းသည် ဖားကန့်မြို့အဝင်လမ်း၌ တည်ရှိပြီး ဖားကန့်မြို့ပေါ်နှင် ဆယ်မိုင်ခန့် ဝေးကွာသည်။ ယင်းဗျူဟာနှင့်ဝှေခါရွာရဲစခန်း၊ ဝှေခါစစ်တပ်ကုန်းတို့ကို KIA၊KPDF ပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၆ရက်နံနက်တွင် စတင် တိုက်ခိုက်ခဲ့ပြီးဝှေခါရွာရဲစခန်းကို ထိုနေ့တွင်ပင် သိမ်းယူနိုင်ခဲ့ကာ ဝှေခါဗျူဟာကုန်းကို ဇန်နဝါရီလ ၂၀ရက်နံနက်‌အစောပိုင်းတွင်သိမ်းယူခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညက နမ့်တိန်းဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် ဖားကန့်ဗျူဟာ၊လုံးခင်းဗျူဟာ၊ဆိုင်းတောင်ဗျူဟာနှင့် မဇွပ်ယန်အချုပ်ထောင်၌ တပ်စွဲထားသော ‌ဗျုဟာကုန်းတို့မှ လက်နက်ကြီးဖြင့် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍ ည၁၂နာရီခန့်အထိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

နမ့်တိန်းဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က ဆက်သွယ်သော်လည်း ဆက်သွယ်မရသေးပေ။

ဖားကန့်​ဒေသတွင် KIA ကစစ်တပ်၏ ​ဝေခါ​မှော်ဗျူဟာကုန်း ၊နမ့်တိန်းဗျူဟာကုန်း တို့ကို သိမ်းပိုက်ပြီး​နောက်ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာစ​သော စစ်တပ်စခန်းများ၊ကုန်များကျန်ရှိ​သေး​ကြောင်းသိရသည်။

KIA ဦ​ဆောင်​သောပူး​ပေါင်းတပ်များက ဇန်နဝါရီ လအတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်​​မြောက်ပိုင်းတွင် စစ်​ကောင်စီတပ်၏ ဗျူဟာကုန်း ၊တပ်စခန်း ၁၀ ခု​ကျော်ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook