Connect with us

Hi, what are you looking for?

သတင်း

ကံထူးမရွာနယ်​မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

ကံထူးမ ရဲစခန်းကို ၂၀၂၂ ​ဖေ​ဖော်ဝါရီ ၂၂ ရက်ကလည်း ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်​ကောင်စီတပ်သားနှင့် ရဲများ​ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)
(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၁ ရက် နံနက်အ​စောက တန့်ဆည် မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်​ကောင်စီက ​လေ​ကြောင်းပစ်ကူ​ပေးသည့်ကြားမှ ​တော်လှန်​ရေးအဖွဲ့များကစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက နံနက် ၂ နာရီမှစတင်တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။စစ်ကောင်စီကလည်း ​ဖေ​ဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အကြိမ်​ရေများစွာပစ်ခတ်၊ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းPDF တစ်ဦးက​ပြောသည်။

စစ်​ကောင်စီတပ်မှ ၃၀ ဦးဝန်းကျင်​သေဆုံးပြီး လက်နက် ၂၀ ခန့်သိမ်းဆည်းရရှိ​ကြောင်း ​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“စခန်းက ရတယ်။ ရတဲ့အချိန်မှာဒိီကောင်တွေက မြေပြင်စစ်ကြောင်းကော ဝေဟင်ကော ကံထူးမကိုလာတာ။ အဲအချိန်မှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်တာ။ သူတို့ဘက်ကလည်း အကျအဆုံးများတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒဏ်ရာရပြီး ကျဆုံးတာအပါအဝင် ရဲဘော် လေးဦးကျတယ်။ အဲစစ်ကြောင်းက အခုကံထူးမမှာပဲရှိသေးတယ်။”ဟု ပကဖရဲဘော်က ​ပြောသည်။

ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ကံထူးမကျေးရွာရှိ နေအိမ်အများအပြားအား နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း သတင်းရရှိသည်။ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဥ်ကတည်းက ​ကျေးရွာ ၁၀ ရွာခန့်ထွက်​ပြေးရာမှ စစ်တပ်နှင့် ပျူစစ်​ကြောင်း​ထပ်မံရောက်လာပြီး အကြမ်းဖက်​နေ​သော​ကြောင့် ပြည်သူများထပ်မံထွက်​ပြေး​နေရခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​​ပြောသည်။

ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန့်ဆည်မြို့အနောက်ဘက်၌ တည်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက် ညနေကလည်း တန့်ဆည်မြို့အရှေ့ဘက်သို့ ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၊ TCRF(PLA) ၊ပကဖတပ်ရင်းများဖြစ်သော တပ်ရင်း ၁၀၊၁၆၊၈၊၇ တို့က တိုက်ခိုက်ခဲ့ကြရာ ရပ်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးကာ ဆယ်ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း PLA ကသတင်းထုတ်ပြန်ထားသည်။

ကံထူးမ ရဲစခန်းကို ၂၀၂၂ ​ဖေ​ဖော်ဝါရီ ၂၂ ရက်ကလည်း ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်​ကောင်စီတပ်သားနှင့် ရဲများ​ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။