Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကံထူးမရွာနယ်​မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

ကံထူးမ ရဲစခန်းကို ၂၀၂၂ ​ဖေ​ဖော်ဝါရီ ၂၂ ရက်ကလည်း ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်​ကောင်စီတပ်သားနှင့် ရဲများ​ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)
(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၁ ရက် နံနက်အ​စောက တန့်ဆည် မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်​ကောင်စီက ​လေ​ကြောင်းပစ်ကူ​ပေးသည့်ကြားမှ ​တော်လှန်​ရေးအဖွဲ့များကစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက နံနက် ၂ နာရီမှစတင်တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။စစ်ကောင်စီကလည်း ​ဖေ​ဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အကြိမ်​ရေများစွာပစ်ခတ်၊ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းPDF တစ်ဦးက​ပြောသည်။

စစ်​ကောင်စီတပ်မှ ၃၀ ဦးဝန်းကျင်​သေဆုံးပြီး လက်နက် ၂၀ ခန့်သိမ်းဆည်းရရှိ​ကြောင်း ​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“စခန်းက ရတယ်။ ရတဲ့အချိန်မှာဒိီကောင်တွေက မြေပြင်စစ်ကြောင်းကော ဝေဟင်ကော ကံထူးမကိုလာတာ။ အဲအချိန်မှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်တာ။ သူတို့ဘက်ကလည်း အကျအဆုံးများတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒဏ်ရာရပြီး ကျဆုံးတာအပါအဝင် ရဲဘော် လေးဦးကျတယ်။ အဲစစ်ကြောင်းက အခုကံထူးမမှာပဲရှိသေးတယ်။”ဟု ပကဖရဲဘော်က ​ပြောသည်။

ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ကံထူးမကျေးရွာရှိ နေအိမ်အများအပြားအား နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း သတင်းရရှိသည်။ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဥ်ကတည်းက ​ကျေးရွာ ၁၀ ရွာခန့်ထွက်​ပြေးရာမှ စစ်တပ်နှင့် ပျူစစ်​ကြောင်း​ထပ်မံရောက်လာပြီး အကြမ်းဖက်​နေ​သော​ကြောင့် ပြည်သူများထပ်မံထွက်​ပြေး​နေရခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​​ပြောသည်။

ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန့်ဆည်မြို့အနောက်ဘက်၌ တည်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက် ညနေကလည်း တန့်ဆည်မြို့အရှေ့ဘက်သို့ ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၊ TCRF(PLA) ၊ပကဖတပ်ရင်းများဖြစ်သော တပ်ရင်း ၁၀၊၁၆၊၈၊၇ တို့က တိုက်ခိုက်ခဲ့ကြရာ ရပ်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးကာ ဆယ်ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း PLA ကသတင်းထုတ်ပြန်ထားသည်။

ကံထူးမ ရဲစခန်းကို ၂၀၂၂ ​ဖေ​ဖော်ဝါရီ ၂၂ ရက်ကလည်း ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်​ကောင်စီတပ်သားနှင့် ရဲများ​ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။