Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ် ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၆ဦးသေ၊ ၁၇ဦးအရှင်ဖမ်းမိ

နိုဝင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲသတင်းကို ယနေ့ (နိုဝင်ဘာ၂၈ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)
(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)

လက်နက်မျိုးစုံ ၃၆လက်ရရှိဟု NUG ကာကွယ်ရေး အသိပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းဖြစ်သည့် ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦး သေဆုံးပြီး ၁၇ဦး အရှင်ဖမ်းမိခဲ့ကြောင်းနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲသတင်းကို ယနေ့ (နိုဝင်ဘာ၂၈ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)
(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD)

ကလေးမြို့နယ်တောင်ပိုင်းမှ အဓိကစခန်းဖြစ်သည့် ရန်ကြီးအောင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၃ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့်ကလေးခရိုင်၊ အမှတ် (၂ ၊၄၊၅၊၆)တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ SR-4၊ KKG၊ CNDF၊ RKDF တို့ပူးပေါင်းကာ စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ရန်သူ့တပ်သား (၁၆)ဦး သေဆုံးI (၁၇)ဦး အရှင်ဖမ်းဆီးရမိခဲ့သည်”ဟု ဆိုသည်။

(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)
(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD)

ထို့အပြင် PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ပြီး ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ စစ်ကောင်စီတပ်ထံမှ သေနတ်မျိုးစုံ ၃၇လက်၊ ကျည်မျိုးစုံ ၁၄,၀၀၀ ခန့်၊ ဗုံးအလုံးရေ ၁၀၀ကျော်အပြင် လက်နက်ခဲယမ်းများစွာနှင့် ရိက္ခာများ၊ ကားနှင့် ဆိုင်ကယ်အချို့လည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)
(ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD)

ကလေးမြို့နယ်အတွင်း တိုက်ပွဲအရှိန်မြှင့်တော့မည်ဖြစ်၍ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များရှိရာအနီးမှ ပြည်သူများအနေဖြင့် လာမည့်ဒီဇင်ဘာလ ၂၅ရက် နောက်ဆုံးထား၍ ဘေးလွှတ်ရာရှောင်တိမ်းကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၇ရက်တွင်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။