Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းနှင့် ဘောလခဲ ရဲစခန်းများမှ ရဲ ၅ ဦးလက်နက်ခဲယမ်းများနှင့်အတူ ​PDFထံ အလင်းဝင်

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)
(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)

ဖားဆောင်း နှင့် ဘောလခဲမြို့ရဲစခန်းများမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြု လုပ် ၍ အလင်းဝင်ရောက်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က ယ နေ့(မတ် ၁၂)ထုတ်ပြန်သည်။

CDM ပြုလုပ်၍ အလင်းဝင်လာသူများတွင် ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦး၊ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးဖြစ်ပြီး ၎င်းရဲတပ်ဖွဲ့ဝင်ငါးဦးကို လုံခြုံစိတ်ချရသည့် လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပြီးဖြစ် ကြောင်း ဖော်ပြသည်။

ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်လေးဦး အလင်းဝင်ရောက်လာရာတွင် AK -M22 သုံးလက်နှင့် G3 တစ်လက်၊ AK-M22 ကျည်ဘောက် ၁၀ ခု၊ AK ကျည် ၅၅၀ ခန့်၊ လက်ပစ် ဗုံး ၁၀ လုံး၊ G3ကျည်ဘောက် သုံးခု၊ G3 ကျည်ဆံ ၁၀၀ ခန့်နှင့်အတူ ​ဘော်လခဲPDF ထံသို့ မတ် ၃ ရက်တွင် CDM ပြုလုပ်ဝင်ရောက်ခိုလှုံခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)
(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

ပြီးခဲ့သည့်နှစ်(၂၀၂၃)ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန် တိုင်း၊ သန်လျင်မြို့အခြေစိုက် ရေတပ်သဘော်ကျင်းဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦးသည် Job For Kayah မှတဆင့် BPDF ထံဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ဖူးသည်။

“ဟုတ်ကဲ့ဗျ ကျနော်တို့ကတော့ (CDM)ဖိတ်ခေါ်ပါတယ်။ ဆက်လက်ပြီးကြိုဆိုပါတယ် ဆိုတဲ့အ‌ကြောင်း သတင်းစကားပါးလိုပါတယ်”ဟု ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့်CDM ပြုလုပ်အလင်းဝင်လိုသော စစ်သားနှင့် ရဲတပ်သားများသည် မိမိတို့တပ်ဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပြီး မိမိတို့ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှကြို ဆိုလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။