Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားဆောင်းနှင့် ဘောလခဲ ရဲစခန်းများမှ ရဲ ၅ ဦးလက်နက်ခဲယမ်းများနှင့်အတူ ​PDFထံ အလင်းဝင်

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)
(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)

ဖားဆောင်း နှင့် ဘောလခဲမြို့ရဲစခန်းများမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြု လုပ် ၍ အလင်းဝင်ရောက်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က ယ နေ့(မတ် ၁၂)ထုတ်ပြန်သည်။

CDM ပြုလုပ်၍ အလင်းဝင်လာသူများတွင် ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦး၊ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးဖြစ်ပြီး ၎င်းရဲတပ်ဖွဲ့ဝင်ငါးဦးကို လုံခြုံစိတ်ချရသည့် လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပြီးဖြစ် ကြောင်း ဖော်ပြသည်။

ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်လေးဦး အလင်းဝင်ရောက်လာရာတွင် AK -M22 သုံးလက်နှင့် G3 တစ်လက်၊ AK-M22 ကျည်ဘောက် ၁၀ ခု၊ AK ကျည် ၅၅၀ ခန့်၊ လက်ပစ် ဗုံး ၁၀ လုံး၊ G3ကျည်ဘောက် သုံးခု၊ G3 ကျည်ဆံ ၁၀၀ ခန့်နှင့်အတူ ​ဘော်လခဲPDF ထံသို့ မတ် ၃ ရက်တွင် CDM ပြုလုပ်ဝင်ရောက်ခိုလှုံခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)
(လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ​သော စစ်​ကောင်စီ ရဲများကို ​တွေ့ရစဥ်။ဓါတ်ပုံ-BPDF)

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

ပြီးခဲ့သည့်နှစ်(၂၀၂၃)ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန် တိုင်း၊ သန်လျင်မြို့အခြေစိုက် ရေတပ်သဘော်ကျင်းဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦးသည် Job For Kayah မှတဆင့် BPDF ထံဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ဖူးသည်။

“ဟုတ်ကဲ့ဗျ ကျနော်တို့ကတော့ (CDM)ဖိတ်ခေါ်ပါတယ်။ ဆက်လက်ပြီးကြိုဆိုပါတယ် ဆိုတဲ့အ‌ကြောင်း သတင်းစကားပါးလိုပါတယ်”ဟု ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့်CDM ပြုလုပ်အလင်းဝင်လိုသော စစ်သားနှင့် ရဲတပ်သားများသည် မိမိတို့တပ်ဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပြီး မိမိတို့ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှကြို ဆိုလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။