Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမတိုက်ပွဲ၌ အထိနာသွားသော စစ်ကောင်စီတပ်က အထူးတပ်ဖွဲ့ဦးဆောင်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

ပဲခူးရိုးမရှိ ဟိုင်းယုကျေးရွာအနီး၌ မတ်လ ၇ ရက်မှ ၁၀ ရက်အထိ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ် ကောင်စီဘက်မှ ၈၀ ကျော်သေဆုံးပြီး PDF တပ်ဖွဲ့များဘက်မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာများရရခဲ့ခြင်း ဖြစ်သည်။

(ဟိုင်းယုကျေးရွာနှင့် ဆင်ဝိုင်းတည်နေရာပြမြေပုံ)
(ဟိုင်းယုကျေးရွာနှင့် ဆင်ဝိုင်းတည်နေရာပြမြေပုံ)

▪️လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းနှင့် ဆေးပေးခန်းများကို ဗုံးသီးများချ တိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အထိနာသွားသော စစ်ကောင်စီတပ်က အထူးတပ်ဖွဲ့ဦးဆောင်ကာ ရိုးမအတွင်း အင်အားအလုံးအရင်းဖြင့် ပြန်လည်စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း တော်လှန်ရေးသတင်းရင်း မြစ်များက လူထုနွေဦးသို့ ပြောသည်။

ပဲခူးရိုးမရှိ ဟိုင်းယုကျေးရွာအနီး၌ မတ်လ ၇ ရက်မှ ၁၀ ရက်အထိ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ် ကောင်စီဘက်မှ ၈၀ ကျော်သေဆုံးပြီး PDF တပ်ဖွဲ့များဘက်မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာများရရခဲ့ခြင်း ဖြစ်သည်။

“အခုဒီကောင်တွေက ကျနော်တို့ PDF တွေလက်ချက်နဲ့ ထိခိုက်သေဆုံးတာတွေ များသွားတော့ အခုရွာ(ဟိုင်းယု)ကို အင်အားအ လုံးအရင်းနဲ့ လာဝိုင်းတာ။ အဲလိုဖိလာမှာသိတဲ့အတွက်ကို ကျနော်တို့ဘက်က အလောင်းပုံတွေဘာတွေ မထုတ်ဘဲထားခဲ့တာ။ ဒါပေမဲ့ အခုချိန်ထိတော့ ဒီကောင်တွေရွာထဲကို မဝင်ရဲသေးဘူး။ ရွာအပြင်ဘက်ကနေ ဝိုင်းထားပြီးတော့ ဒရုန်းနဲ့ဗုံးသီးချတာ၊ လက်နက်ကြီးတွေနဲ့ထုတာ ဆက်တိုက်လုပ်နေတယ်”ဟု သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပဲခူးရိုးမအတွင်းမှ ဟိုင်းယုကျေးရွာဘက်သို့ နေပြည်တော်စစ်ရုံးရှိ အထူးတပ်ဖွဲ့များကိုပါ ဦးဆောင်စေလွှတ်ကာ အင်အား ၁၀၀၀ နီးပါးဖြင့် ပဲခူးရိုးအတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များသည် ဟိုင်းယုကျေးရွာဘက်သို့ မတ်လ ၁၂ ရက် ညနေပိုင်းတွင် စတင်ရောက်ရှိလာပြီး ဒရုန်းလေးစင်းဖြင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များ၊ စာသင်ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ္စယန်ဘုရားရှိခိုးကျောင်းနှင့် ကျေးလက်ဆေးပေးခန်းအပါအဝင် အ ဆောက်အအုံများပေါ်သို့ ဗုံးသီးများဆက် တိုက်ကျဲချလျှက်ရှိကြောင်း သိရသည်။

ဟိုင်းယုကျေးရွာတွင် ယခင်က အစိုးရဆင်ဝိုင်းရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ ဒေသခံပြည်သူများမှာ လွန်ခဲ့သော ၃ လခန့်ကတည်းက စစ်ကောင်စီတပ်များစစ်ကြောင်းထိုးဝင်ရောက်စဥ် ရွာထဲမနေရန်သတိပေးခံရ၍ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ဟိုင်းယုမှာ ပြည်သူတွေကမရှိတော့ဘူး။ လွန်ခဲ့တဲ့ ၃၊ ၄ လလောက်ကတည်းက စကစတွေက ရိုးမထဲကရွာတွေက ပြည်သူတွေကို ဆက်နေမခိုင်းဘဲ နှင်လွှတ်ထားလို့ ပြေးနေကြရတယ်။ ခုလက်ရှိရွာထဲမှာ သက်ကြီးပိုင်းတချို့ရှိပေမယ့် ကျနော်တို့တွေပဲ စောင့်ရှောက်ထားရတယ်”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ရှင်းပြသည်။

အထက်ပါ ပဲခူးရိုးမအတွင်းရှိ ဟိုင်းယုကျေး ရွာသည် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ထွက်သွားလာတတ်သည့် ကျေးရွာတစ်ရွာဖြစ်သောကြောင့် ကျေးရွာအတွင်း PDF ရဲဘော်များခိုအောင်းနေသည်ဆိုကာ စစ်ကောင်စီတပ်များ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် မတ်လ ၇ ရက်မှ ၁၀ ရက်အထိ ဖြစ်ပွားခဲ့သော ပဲခူးရိုးမအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ရာ ၎င်းတို့ဘက်မှ အထူးတပ်ဖွဲ့များ၊ ပျူစောထီးများဖြင့် ထပ်မံအင်အားဖြည့်ကာ ထိုးစစ်ဆင်လာနေခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲမရှိသေးသော်လည်း စစ်ကောင်စီတပ်များက ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook