Connect with us

Hi, what are you looking for?

သတင်း

ဆွမ်ပရာဘွမ်မြို့ကို KIAထိန်းချုပ်ထားပြီး စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေ

လိုင်ဇာကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်၊ ဘွမ်ရယ်တောင် စစ်ကောင်စီတပ်စခန်းများအပါအဝင် ဒေသတွင်း တပ်စခန်းအားလုံးကို စစ်ဆင်ရေး ၁၀ရက်အတွင်း အပြီးသတ် သိမ်းပိုက်ထားပြီး အခြား ဒေသရှိတပ်ရင်းနှင့် တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

https://www.ludunwayoo.com/wp-content/uploads/2024/03/432444525_746424934222968_7359176513294323943_n.jpg
https://www.ludunwayoo.com/wp-content/uploads/2024/03/432444525_746424934222968_7359176513294323943_n.jpg

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIAက မတ်လ ဒုတိယပတ်တွင် သိမ်းပိုက်ပြီးနောက် ရဲစခန်းမှစခန်းမှူးဦးဆောင်သည့် အဖွဲ့သည် KIAထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထို့နောက် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၄ရက်မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ - NYT၊KNG ၊CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ – NYT၊KNG ၊CJ)

“စကစ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲပါ။ မြို့ကိုတော့ ငါတို့ ထိန်းချုပ်ထားတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ယနေ့ မတ်လ ၁၇ရက်နံနက်တွင် ပြောသည်။

ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာကုန်းကို သိမ်းပိုက်ပြီးဖြစ်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အပြင်းအထန် တိုက်နေဆဲဟု ဆွမ်ပရာဘွမ် တိုက်ပွဲ အခြေအနေကို ယနေ့နံနက်တွင် ပြောပြသည်။

KIAက ဆွမ်ပရာဘွမ်စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲဆင်နွှဲနေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ယမန်နေ့ညပိုင်း၌ အသိပေးထားသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူသုံးခုခံနေကြောင်း ဖော်ပြသည်။

https://www.ludunwayoo.com/wp-content/uploads/2024/03/432444525_746424934222968_7359176513294323943_n.jpg
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ – NYT၊KNG ၊CJ)

ဆွမ်ပရာဘွမ်မြို့တွင်ရပ်ကွက် သုံးခုရှိပြီး ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၂၅၀၀ ​ကျော်​နေထိုင်သည်။ ဆွမ်ပရာဘွမ် မြို့နယ်တွင် လူဦး​ရေ ၉၇၀၀​ကျော်ရှိကာ အ​ရှေ့ဘက်တွင် အင်ဂျန်းယန်မြို့နယ်၊ အ​နောက်ဘက်တွင် တနိုင်းမြို့နယ်၊ ​တောင်ဘက်တွင် မြစ်ကြီးနားမြို့နယ် ၊ ​မြောက်ဘက်တွင် ပူတာအို ၊မချမ်း​ဘော၊ ​ခေါင်လန်ဖူး မြို့နယ်တို့ ရှိသည်။

KIAအနေဖြင့် မတ်လ ၇ရက်မှစ၍ ဌာနချုပ်လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဆင်ရေးလုပ်ဆောင်နေသကဲ့သို့ အခြား တပ်မဟာနယ်မြေအသီးသီး၌လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်နေကြောင်း KIA အသိပေးထားသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ - NYT၊KNG ၊CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ – NYT၊KNG ၊CJ)

လိုင်ဇာကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်၊ ဘွမ်ရယ်တောင် စစ်ကောင်စီတပ်စခန်းများအပါအဝင် ဒေသတွင်း တပ်စခန်းအားလုံးကို စစ်ဆင်ရေး ၁၀ရက်အတွင်း အပြီးသတ် သိမ်းပိုက်ထားပြီး အခြား ဒေသရှိတပ်ရင်းနှင့် တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။