Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆွမ်ပရာဘွမ်မြို့ကို KIAထိန်းချုပ်ထားပြီး စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေ

လိုင်ဇာကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်၊ ဘွမ်ရယ်တောင် စစ်ကောင်စီတပ်စခန်းများအပါအဝင် ဒေသတွင်း တပ်စခန်းအားလုံးကို စစ်ဆင်ရေး ၁၀ရက်အတွင်း အပြီးသတ် သိမ်းပိုက်ထားပြီး အခြား ဒေသရှိတပ်ရင်းနှင့် တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

https://www.ludunwayoo.com/wp-content/uploads/2024/03/432444525_746424934222968_7359176513294323943_n.jpg
https://www.ludunwayoo.com/wp-content/uploads/2024/03/432444525_746424934222968_7359176513294323943_n.jpg

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIAက မတ်လ ဒုတိယပတ်တွင် သိမ်းပိုက်ပြီးနောက် ရဲစခန်းမှစခန်းမှူးဦးဆောင်သည့် အဖွဲ့သည် KIAထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထို့နောက် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၄ရက်မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ - NYT၊KNG ၊CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ – NYT၊KNG ၊CJ)

“စကစ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲပါ။ မြို့ကိုတော့ ငါတို့ ထိန်းချုပ်ထားတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ယနေ့ မတ်လ ၁၇ရက်နံနက်တွင် ပြောသည်။

ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာကုန်းကို သိမ်းပိုက်ပြီးဖြစ်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အပြင်းအထန် တိုက်နေဆဲဟု ဆွမ်ပရာဘွမ် တိုက်ပွဲ အခြေအနေကို ယနေ့နံနက်တွင် ပြောပြသည်။

KIAက ဆွမ်ပရာဘွမ်စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲဆင်နွှဲနေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ယမန်နေ့ညပိုင်း၌ အသိပေးထားသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူသုံးခုခံနေကြောင်း ဖော်ပြသည်။

https://www.ludunwayoo.com/wp-content/uploads/2024/03/432444525_746424934222968_7359176513294323943_n.jpg
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ – NYT၊KNG ၊CJ)

ဆွမ်ပရာဘွမ်မြို့တွင်ရပ်ကွက် သုံးခုရှိပြီး ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၂၅၀၀ ​ကျော်​နေထိုင်သည်။ ဆွမ်ပရာဘွမ် မြို့နယ်တွင် လူဦး​ရေ ၉၇၀၀​ကျော်ရှိကာ အ​ရှေ့ဘက်တွင် အင်ဂျန်းယန်မြို့နယ်၊ အ​နောက်ဘက်တွင် တနိုင်းမြို့နယ်၊ ​တောင်ဘက်တွင် မြစ်ကြီးနားမြို့နယ် ၊ ​မြောက်ဘက်တွင် ပူတာအို ၊မချမ်း​ဘော၊ ​ခေါင်လန်ဖူး မြို့နယ်တို့ ရှိသည်။

KIAအနေဖြင့် မတ်လ ၇ရက်မှစ၍ ဌာနချုပ်လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဆင်ရေးလုပ်ဆောင်နေသကဲ့သို့ အခြား တပ်မဟာနယ်မြေအသီးသီး၌လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်နေကြောင်း KIA အသိပေးထားသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ - NYT၊KNG ၊CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များ/ဆွမ်ပရာဘွမ်မြို့ကို အ​ပေါ်စီးမှမြင်​တွေ့ရစဥ်နှင့် ဆွမ်ပရာဘွမ် အပါအဝင် ကချင်ပြည်နယ်မှ မြို့အချို့ကို Google Earth တွင်​တွေ့ရမှု။ ဓာတ်ပုံ – NYT၊KNG ၊CJ)

လိုင်ဇာကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်၊ ဘွမ်ရယ်တောင် စစ်ကောင်စီတပ်စခန်းများအပါအဝင် ဒေသတွင်း တပ်စခန်းအားလုံးကို စစ်ဆင်ရေး ၁၀ရက်အတွင်း အပြီးသတ် သိမ်းပိုက်ထားပြီး အခြား ဒေသရှိတပ်ရင်းနှင့် တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။