ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာရှိ PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်များ ပူးပေါင်းတပ်စွဲထားသောဆောင်းပြောင်းရဲစခန်းနှင့် စစ်စခန်းအချို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါဒေသတွင် မတ်လ ၁၇ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက် မတ်လ ၁၈ ရက်ကဆောင်းပြောင်းရဲစခန်းအပြင် လုံးပြင်၊တောင်မဲသင်း၊ နန်းနိမ် နှင့်ပင်ပုံရွာများရှိ စစ်ကောင်စီစခန်းများကိုပါ ရရှိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“မနေ့ကနေ့လည်ပိုင်းအထိ သတင်းအရဆိုရင် ဆောင်းပြောင်းလမ်းမကြီးပေါ်က PNO ဂိတ်နဲ့ ရဲစခန်းကိုပါရထားတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အခြေအနေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲနေဖြစ်သည်။

Public Service Announcement
၁ လေးလုံး စစ်ဆင်ရေး”ဆက်စပ် တိုက်ပွဲများအရ ပင်လောင်း နှင့် ဖယ်ခုံမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံဒေသများအတွင်း အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ် ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) ခုခံတော်လှန်ရေးအင်အားစုများ ပါဝင်သော မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်မှစတင်ခဲ့သည်။
မိုးဗြဲ၊ ဖယ်ခုံဒေသများ အတွင်းရှိ စစ်ကောင်စီ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေသည်။
ဖယ်ခုံ နှင့် ပင်လောင်းမြို့ ကြားရှိ တောင်မဲသင်းကျေးရွာအနီးတစ်ဝိုက် တိုက်ပွဲများသည် ယမန်နှစ် ဧပြီလ မှ သြဂုတ်လအထိ ရက်ပေါင်း ၁၀၀ ကျော် ကြာ မြင့်ခဲ့ပြီးနောက် ယခု နှစ် မတ်လ ၁၇ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။


















































