Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်​လောင်းမြို့နယ်ရှိ စစ်​ကောင်စီတပ်နှင့်PNO ပြည်သူ့စစ်တပ်စွဲထား​သော​ဆောင်း​ပြောင်းရဲစခန်းအပါအဝင် စစ်စခန်းအချို့ကို ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်

PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အ​ခြေအ​နေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲ​နေဖြစ်သည်။

(၂၀၂၁ ​မေလ ၂၄ ရက် ည​နေပိုင်းတွင်​ဆောင်​ပြောင်းရဲစခန်းမီး​လောင်​နေသည်ကို အ​ဝေးမှ ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(၂၀၂၁ ​မေလ ၂၄ ရက် ည​နေပိုင်းတွင်​ဆောင်​ပြောင်းရဲစခန်းမီး​လောင်​နေသည်ကို အ​ဝေးမှ ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊​ဆောင်း​ပြောင်းရွာရှိ PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်များ ပူး​ပေါင်းတပ်စွဲထား​သော​ဆောင်း​ပြောင်းရဲစခန်းနှင့် စစ်စခန်းအချို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ​ဒေသတွင် မတ်လ ၁၇ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက် မတ်လ ၁၈ ရက်က​ဆောင်း​ပြောင်းရဲစခန်းအပြင် လုံးပြင်၊တောင်မဲသင်း၊ နန်းနိမ် နှင့်ပင်ပုံရွာများရှိ စစ်ကောင်စီစခန်းများကိုပါ ရရှိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“မနေ့ကနေ့လည်ပိုင်းအထိ သတင်းအရဆိုရင် ဆောင်းပြောင်းလမ်းမကြီးပေါ်က PNO ဂိတ်နဲ့ ရဲစခန်းကိုပါရထားတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အ​ခြေအ​နေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲ​နေဖြစ်သည်။

Public Service Announcement

Public Service Announcement

၁ လေးလုံး စစ်ဆင်ရေး”ဆက်စပ် တိုက်ပွဲများအရ ပင်လောင်း နှင့် ဖယ်ခုံမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံဒေသများအတွင်း အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ် ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) ခုခံတော်လှန်ရေးအင်အားစုများ ပါဝင်သော မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်မှစတင်ခဲ့သည်။

မိုးဗြဲ၊ ဖယ်ခုံဒေသများ အတွင်းရှိ စစ်ကောင်စီ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေသည်။

ဖယ်ခုံ နှင့် ပင်လောင်းမြို့ ကြားရှိ တောင်မဲသင်းကျေးရွာအနီးတစ်ဝိုက် တိုက်ပွဲများသည် ယမန်နှစ် ဧပြီလ မှ သြဂုတ်လအထိ ရက်ပေါင်း ၁၀၀ ကျော် ကြာ မြင့်ခဲ့ပြီးနောက် ယခု နှစ် မတ်လ ၁၇ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။