Connect with us

Hi, what are you looking for?

သတင်း

ခရီးသွားရာတွင် ထောက်ခံစာပါမှ လက်မှတ်ရောင်းချရန် အဝေးပြေးယာဥ်လိုင်းများအား စစ်ကောင်စီ ဖိအားပေး

မန္တလေးမြို့တွင်လည်း မြို့အထွက်၌ ခရီးသွားယာဥ်များအား စစ်ဆေးတင်းကျပ်နေပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းသို့ကူးရာ ရတနာပုံတံတားနှစ်ဘက်လုံး၌ တင်းကျပ်စွာ စစ်ဆေးနေသည်ဟု စစ်ကိုင်းဒေသခံများက ပြောသည်။

(အဝေးပြေးယာဥ်လိုင်းတစ်ခုတွင် လက်မှတ်ဝယ်ယူရာ၌ ပါရှိရမည့်ထောက်ခံစာများအား ကြေညာထားစဥ်။ ဓာတ်ပုံ - CJ)
(အဝေးပြေးယာဥ်လိုင်းတစ်ခုတွင် လက်မှတ်ဝယ်ယူရာ၌ ပါရှိရမည့်ထောက်ခံစာများအား ကြေညာထားစဥ်။ ဓာတ်ပုံ - CJ)

ဒေသအသီးသီး၌ စစ်မှုထမ်းရန် ဆင့်ခေါ်နေချိန် စစ်ကောင်စီက လက်မှတ်ဝယ်ယူရာတွင် ထောက်ခံစာများပါရှိမှသာ ကားလက်မှတ်ရောင်းချပေးရန် အဝေးပြေးယာဥ်လိုင်းများအား ဖိအားပေးလိုက်သည်။

ယနေ့ (မတ်လ ၁၉ရက်)မှစတင်ကာ အဝေးပြေးယာဥ်လိုင်းများ၌ ရန်ကုန်မြို့မှ အခြားဒေသအသီးသီးသို့ သွားမည့် ကားလက်မှတ်များဝယ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းအပြင် ရပ်ကွက်(သို့မဟုတ်)ရဲစခန်းထောက်ခံစာများ၊ အလုပ်ကိစ္စဖြင့်သွားမည်ဆိုပါက အလုပ်၏ ထောက်ခံစာ၊ သွားရောက်မည့်လိပ်စာနှင့် ဖုန်းနံပါတ်များပါ ပါရှိရမည်ဟု ယာဥ်လက်မှတ်သွားရောက်ဝယ်ယူခဲ့သူများက ပြောသည်။

“၁၉ရက်နေ့စမှာ ပြောတယ်။ မှတ်ပုံတင်၊စမတ်ကတ်အပြင် ထောက်ခံစာတစ်ခုခုပါရမယ်လို့ ဂိတ်ကပြောလိုက်တယ်။”ဟု ကားလက်မှတ်သွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်က ဒေသအသီးသီး၌ စစ်မှုထမ်းရန်ဆင့်ခေါ်ချိန် လူငယ်များ ထွက်မပြေးနိုင်ရန် ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း လူငယ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“အကုန်ပိတ်မိကုန်တော့မယ်။ ချောင်ပိတ်ရိုက်တယ်လို့ ခံစားရတယ်။”ဟု စစ်မှုထမ်းရန်အစည်းအဝေးစတင်လုပ်နေသည့် ရပ်ကွက်တစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်လည်း မြို့အထွက်၌ ခရီးသွားယာဥ်များအား စစ်ဆေးတင်းကျပ်နေပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းသို့ကူးရာ ရတနာပုံတံတားနှစ်ဘက်လုံး၌ တင်းကျပ်စွာ စစ်ဆေးနေသည်ဟု စစ်ကိုင်းဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်တပ်က ဒေသအသီးသီး၌ စစ်မှုထမ်းရန်လျှောက်လွှာများအား ရပ်ကွက်များအတွင်းဖြန့်ဝေခြင်း၊ အစည်းအဝေးခေါ်ယူကာ လူရွေးခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်နေပြီ ဖြစ်ပြီး သင်္ကြန်အပြီး မြန်မာနှစ်ကူးကာလအတွင်းစစ်သင်တန်း အပတ်စဥ်(၁)စတင်ရန် ကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။