Connect with us

Hi, what are you looking for?

သတင်း

စိန်လုံဗျူဟာစခန်းကို KIA သိမ်းပိုက်

စိန်လုံဗျူဟာကုန်းသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ(၂၁) တပ်မမှူးထိုင်သည့် ဗျူဟာကုန်းဖြစ်ပြီး ၄၇ မိုင်ခန့်ရှည်သော မိုးမောက်-လွယ်ဂျယ် တောင်ပေါ်လမ်းပိုင်းမှ အကြီးဆုံး တပ်စခန်းလည်းဖြစ်သည်။

(စစ်​ကောင်စီ၏စိန်လုံး​တောင်ဗျူဟာကို​ Google Earth တွင် တွေ့ရမှုနှင့် KIA တပ်ဖွဲ့ဝင်များ)
(စစ်​ကောင်စီ၏စိန်လုံး​တောင်ဗျူဟာကို​ Google Earth တွင် တွေ့ရမှုနှင့် KIA တပ်ဖွဲ့ဝင်များ)

▪︎ဗန်းမော်-လွယ်ဂျယ်လမ်း စစ်ကောင်စီတပ်စခန်းမရှိတော့ဟုစစ်ရေးသတင်းရင်းမြစ်ပြော

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ ဗျူဟာစခန်းဖြစ်သည့် စိန်လုံတပ်စခန်း ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက် ၇ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်နှစ်ဦးက အတည်ပြုပြောကြားသည်။

“ဗျူဟာမှူးထိုင်တဲ့ ဗျူဟာကုန်းပါ။ ကာကင်း ငါးခုတောင်ကာထားတာ။ အဲ့ဒီစခန်းရပါပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

စိန်လုံဗျူဟာကုန်းသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ(၂၁) တပ်မမှူးထိုင်သည့် ဗျူဟာကုန်းဖြစ်ပြီး ၄၇ မိုင်ခန့်ရှည်သော မိုးမောက်-လွယ်ဂျယ် တောင်ပေါ်လမ်းပိုင်းမှ အကြီးဆုံး တပ်စခန်းလည်းဖြစ်သည်။

ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAက မတ်လ ၂၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယောယုံဗျူဟာစခန်း အပါအဝင် တပ်စခန်းများကို မတ်လ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင်သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၉ရက်တွင် စိန်လုံဗျူဟာစခန်း ကို KIAက ဆက်လက်ထိုးစစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူပေး ခုခံနေသည့် ကြားမှ ထိုးစစ် ၄ ရက်မြောက်နေ့ ဧပြီ ၁ရက်မနက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့(မတ် ၃၁) ညပိုင်းအထိ စစ်ကောင်စီက အတွဲလိုက်ဒုံးများ အသုံးပြုပြီး စိန်လုံစခန်း မကျရေး ပစ်ကူပေး တိုက်ခိုက်ခဲ့သည့် ဟု အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်​နေ့(မတ် ၃၁) ညကစခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီ လက်နက်ကြီး ပစ်ကူပေးခြင်းပြုလုပ်ခဲ့ကြောင်း ​​သတင်းရရှိသည်။တိုက်ပွဲအတွင်း စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချလိုက်နိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေသော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

“စိန်လုံဆိုတာဟိုးအရင်ခေတ်က ကချင်တွေရဲ့ ပညာရေး မြို့တော် လို့ ဆိုရမှာပေါ့။ မေမြို့ လို အုတ်ရိုးနီနီ အိမ်လေးတွေရှိခဲ့တဲ့ မြို့။စိန်လုံ က သဘာဝ စိမ့်စမ်းရေ ဟာ ပြင်သစ် ကနေ ပုလင်းသွပ်ရောင်းတဲ့ Evian ထက်မသာရင် တောင် တန်းတူ ကောင်းတဲ့ မြို့။ ဟိုးအရင် တုန်း က ဆို နေပြောက် မထိုးတဲ့ သစ်တော အုပ်ကြီး နဲ့ ရှားပါးသစ်ခွ တွေဟာ လမ်းဘေးမှာ ပေါခြင်းသောခြင်းရှိခဲ့တဲ့ မြို့။ အခုတော့ စစ်ခွေးကင်းစင် ပြုံးပျော်ရွှင်လေပြီ။ဇာတိပုညဏ အရဆို အဖိုး တို့ ဂေါင်ရီလဖိုင် တွေရဲ့ အပိုင်စား နယ်မြေဖြစ်ခဲ့တယ်။

ဖက်ဆစ် ဂျပန် ကို ကချင်တွေ နှိမ်နင်းအောင်မြင်ခဲ့တဲ့ စစ်နိုင် မနောင် ( ပဒန်မနောင်)ကို ၁၉၄၅ မတ်လ ၂၃ မှာကျင်းပခဲ့တဲ့နေရာ( မြေပြန့်မှာ မတ်လ ၂၇ ကမှ စစ်ထွက် တော်လှန်တာပါ။”ဟု ချင်းတိုင်းရင်းသားဖြစ်သလို ၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်​သော ဦး​မော်ထွန်း​အောင်က စိန်လုံ နှင့်ပတ်သပ်၍ ​​ဖေစ်ဘွခ်တွင်​ ယ​နေ့​နေ့ခင်းတွင်ရေးသားထားသည်။

စိန်လုံဗျူဟာ၊ ယောယုံဗျူဟာ နှင့် ကာကင်းစခန်းများ အပါအဝင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ၅ ရက်အကြာတွင် KIAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

KIAသည်မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ ယင်းနေ့မှ မတ်လ ၂၆ရက်နေ့အတွင်းမြစ်ကြီးနား-ဗန်းမော် လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်ပြီး ၂၇ရက်မှ ဧပြီ ၁ရက်အတွင်း ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ခဲ့သည်။

လွယ်ဂျယ်မြို့ကိုလည်း KIAက ဝိုင်းပတ်ပို့ဆို့ထားပြီး စစ်ကောင်စီတပ်များ ထွက်ခွာရန် သတိပေးထားသည်။

စိန်လုံတပ်စခန်း သိမ်းပိုက်မှု အပါအဝင် စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် စိန်လုံတပ်စခန်း အပါအဝင် မတ်လ ၇ရက်မှ ယနေ့ မနက်အထိ စစ်ကောင်စီတပ်စခန်း (၆၀ ) ​ကျော်ကို သိမ်းပိုက်ထားကြောင်း KIAနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၇ရက်မှ စတင်သည့် စစ်ဆင်ရေးတွင် အခက်အခဲများရှိသော်လည်း အောင်မြင်မှုက ပိုများကြောင်း၊ တိုက်ပွဲများ ဆက်ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက မတ် ၃၁ ရက်တွင်လူထုနွေဦးသို့ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးမြို့ပေါ်ကလမ်း​တွေမှာဇွန်လ၁၅ရက်နေ့စပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ပိုချထားပြီး စစ်တပ်ကလုံခြုံ​ရေးကို ပိုတင်းကြပ်လာပါတယ်။