Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၈၈) တပ်မမှူး မင်းထွဋ်ဦးနှင့် တပ်ဖွဲ့ဝင်အချို့ စစ်ကောင်စီ၏ လေယာဉ်ဗုံးကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း KIA ထုတ်ပြန်

စစ်ကောင်စီတပ်သည် Y12 ထောက်ပို့လေယာဉ်များဖြင့် ရမ်းသန်း တိုက်ခိုက်မှုများပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဆိုသည်။

(တပ်မ ၈၈တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး။ ဓါတ်ပုံ-စစ်​ကောင်စီ)
(တပ်မ ၈၈တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎ဗန်းမော်-လွယ်ဂျယ်လမ်းရှိ ဗျူဟာစခန်း အပါအဝင် စစ်ကောင်စီ တပ်စခန်း ၁၁ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်ပြီး လမ်းကြောကို ထိန်းချုပ်

ဟန်နွေ/People’s Spring

စစ်ကောင်စီ၏ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး နှင့် တပ်ဖွဲ့ဝင်အချို့သည် စစ်ကောင်စီ၏ လေယာဉ်ဗုံးကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁ရက်)တွင် မံစီမြို့နယ် ဂျာမိုင်ကျေးရွာကို စစ်ကောင်စီက Y12 ဟု ယူဆရသည့် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပြည်သူ ၅ဦးသေဆုံးခဲ့ရကြောင်း သတင်းဖော်ပြရာ၌ ယခုကဲ့သို့ ထည့်သွင်း အသိပေးဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် Y12 ထောက်ပို့လေယာဉ်များဖြင့် ရမ်းသန်း တိုက်ခိုက်မှုများပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၉ရက်ကလည်း တိုက်ပွဲဖြစ်ပွားသည့် မိုးမောက်မြို့နယ် မန်နောင်ရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့များ ပုန်းခိုနေသည့် နေရာကို Y-12 ​လေယာဥ်ဖြင့်ဗုံးကြဲချမိ၍ စစ်ကောင်စီတပ် တပ်မ (၈၈) တပ်မမှူးနှင့်အတူ စစ်ကောင်စီတပ်သား တချို့လေယာဉ် ဗုံးထိမှန်သေဆုံးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အဆိုပါ တပ်မ(၈၈)တပ်မမှူး မန်နောင်တိုက်ပွဲ၌ ဒဏ်ရာရပြီး ဗန်းမော်သို့ဆေးကုသမှု ခံယူစဉ် သေဆုံးသွားကြောင်း သတင်းရရှိသည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း မတ်လ ၃၁ ရက်တွင် လူထုနွေဦးသို့အတည်ပြု ဖြေကြားထားသည်။

ထိုအပြင် စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီတပ်သည် ဧပြီ ၁ရက် အစောပိုင်းတွင် ဂျာမိုင်ရွာတွင် Y12 ဟု ယူဆရသည့် ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပြည်သူ ၅ဦးသေဆုံးကာထိခိုက်ဒဏ်ရာရခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ဗုံးကြဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးသူများထဲ၌ လွယ်ဂျယ်မှ တိမ်းရှောင်လာသည့် စစ်ကောင်စီတပ်မိသားစုဝင်နှင့် ဝန်ထမ်း များပါဝင်သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ ပြောကြားခဲ့သော်လည်း KIA သတင်းပြန်ကြားရေး၏ ဖော်ပြချက်တွင် အသက်သေဆုံးသွားသူများသည် ခရီးသွား ပြည်သူများဖြစ်ပြီး လမ်း၌ ခရီးနားနေစဉ် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၂လုံး၊ ကုန်တင်ယာဉ် ၂စီးထိခိုက်ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြသည်။

KIA ပူးပေါင်းတပ်များသည် လွယ်ဂျယ်နှင့် ဗန်းမော်လမ်းရှိ စစ်ရေးအရ အရေးပါသည့် ဗျူဟာကျသည့် စိန်လုံကဘာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်ရှိတွင် KIA ပူးပေါင်းတပ်ဖွဲ့များက လမ်းတကြော ကို ထိန်းချုပ်ထားပြီးဖြစ်သည်ဟုလည်း အသိပေးသည်။

KIA တပ်မဟာ(၃) ဒေသရှိ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၂၇ရက်က စတင်ထိုးစစ်ဆင်ခဲ့ပြီး တစ်ပတ်အတွင်း ဗျူဟာမှူးထိုင်သည့် ယောယုံတပ်စခန်း၊ စိန်လုံကဘာစခန်း နှင့် ကာကင်းစခန်း စုစုပေါင်း စခန်း ၁၁ခုကို သိမ်းပိုက်ရရှိခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။