Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်အေး နှင့် ဖောင်းပြင် မြို့ကြား တိုက်ပွဲပြင်းထန်နေ

၂ ကြိမ် စစ်​ကြောင်းထိုးပြီး အထိနာပြန်ဆုတ်သွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံရှမ်းနီလူမျိုးများအားလုံး ပြည်သူ့စစ်အနေဖြင့် စုဆောင်းကာ ထပ်မံစစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

(ဟုမ္မလင်းမြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-HPDF)
(ဟုမ္မလင်းမြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-HPDF)

▪︎စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ​​သောကြောင့် က​​လေးငယ်တစ်ဦးအပါအဝင်​ဒေသခံပြည်သူငါးဦးသေဆုံး

ရွှေပြည်အေးမြို့ နှင့်ဖောင်းပြင်မြို့ကြား ကျေးရွာအချို့သို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲပြင်းထန်နေသည်။

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေပြည်အေးမြို့နှင့် ဖောင်းပြင်မြို့ကြားရှိ ကျွန်းကုန်း၊ အင်ကြင်းမော်နှင့် မနော်သာကျေးရွာအနီးတွင် မတ်လ ၃၀ ရက်နေ့မှ စတင်၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဧပြီလ ၁ ရက်နေ့ နေ့လယ်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လာ​သော​ကြောင့်အရပ်သားသေဆုံးမှုများရှိကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲမှာ စစ်ကောင်စီရော၊ ရှမ်းနီတပ်ဖွဲ့ပါ ထိခိုက်သေဆုံးမှုတွေများပါတယ်။ ဒါကြောင့် မနေ့ကစပြီး စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ပါတယ်။ တကယ်တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်တာမဟုတ်ဘဲ ရွာတွေထဲကိုပစ်သွားပါတယ်။ အရပ်သားသေဆုံးမှုတွေရှိပါတယ်”ဟုဒေသခံတဦးကပြောသည်။

ဧပြီလ (၁) ရက်နေ့က မနော်သာကျေးရွာကို စစ်ကောင်စီတပ် က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ငါး ဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရခဲ့သည်။အရပ်သားနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

တံတားဦးလေဆိပ်မှာတက်လာသည့် ဂျက်ဖိုက်တာဖြင့် ညနေ ၃နာရီ ၄၇ မိနစ်၊ ၃နာရီ ၅၂ မိနစ်နှင့် ၄နာရီ ၁၈မိနစ်တို့တွင် မနော်သာ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ကို ဗုံးကြဲခဲသည်။ ဗုံးကြဲ မှု​ကြောင့် ဦးချစ်ဆန်းဦး၊ ဒေါ်ဝင်းမာဦးနှင့် သမီးဖြစ်သူ အသက် ၃နှစ်အရွယ် မမေသက်ဇွန်၊ ဦးဆွေသက်နိုင်၊ ဒေါ်နန်းခမ်းမွန်တို့သေဆုံးခဲ့ပြီး ကလေးငယ်အချို့အပါအဝင် ကိုးဦးဒဏ်ရရှိခဲ့သည်။

ထိုအပြင် ဧပြီ ၂ ရက်နေ့နှ င့် ဧပြီလ ၃ရက် နေ့လယ်တွင်Mi-2 ရဟတ်ယာဉ် ဖြင့် ကျွန်းကုန်းရွာနှင့် မနော်သာရွာကို လေကြောင်းမှ ဗုံးကြဲ သလို ၊စက်သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

စစ်ကောင်စီမြေပြင်စစ်ကြောင်းသည် အင်အားနှစ်ရာခန့်ရှိပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်​သေဆုံးမှု အ​ခြေအ​နေများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

“တိုက်ပွဲက ဖောင်းပြင်ဘက်နဲ့ပိုနီးတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာဖြစ်နေတာ။ SNA(ရှမ်းနီတပ်)တွေ သေဆုံးတာများတယ်” ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ရွှေပြည်အေးမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည်မြို့ဖြစ်သည်။ ၂၀၂၃ နိုဝင်ဘာလ (၂၂) ရက်မှစတင်၍သိမ်းပိုက် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ဒီဇင်ဘာလ ၂၅ရက်မှစကာ စစ်ကောင်စီက လေကြောင်းအကူဖြင့် မြေပြင်စစ်ကြောင်းပြန်ထိုးလာသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဇန်နဝါရီလ ၂၃ရက်တွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA)အင်အား ၄၀၀ ခန့်က လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထပ်မံထိုးခဲ့ရာ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ဦးနှင့် ဒဏ်ရာရသူ၄၀ဦးခန့်ရှိကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းကသတင်းထုတ်ပြန်ခဲ့သည်။

၂ ကြိမ် စစ်​ကြောင်းထိုးပြီး အထိနာပြန်ဆုတ်သွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံရှမ်းနီလူမျိုးများအားလုံး ပြည်သူ့စစ်အနေဖြင့် စုဆောင်းကာ ထပ်မံစစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။