Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းနှင့်ရွှေပြည်အေးမြို့ကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် နေ့စဉ်​လေ​ကြောင်းမှဗုံးကြဲနေ

စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ (SNA)စုစု​ပေါင်း အင်အား၅၀၀ ခန့်သည် ဟုမ္မလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်ရင်းအတွင်း အသင့်အနေထားဖြင့်ရှိနေသည်ဟု ဒေသခံများကပြောသည်။

(ဟုမ္မလင်းနှင့် ​ရွှေပြည်​အေး​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-HPDF)
(ဟုမ္မလင်းနှင့် ​ရွှေပြည်​အေး​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-HPDF)

ဟုမ္မလင်းနှင့်ရွှေပြည်အေးမြို့ကို စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ (SNA)က စစ်ကြောင်းထိုးရန် ကြိုးစားနေပြီး Mi-2 ရဟတ်ယာဥ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

“ဟုမ္မလင်းကိုရော ရွှေပြည်အေးကိုပါ မြေပြင်စစ်ကြောင်းထိုးဖို့ ပြင်နေတယ်။ လောလောဆယ်မှာတော့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲချနေတာ နေ့တိုင်းပါပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ (SNA)စုစု​ပေါင်း အင်အား၅၀၀ ခန့်သည် ဟုမ္မလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်ရင်းအတွင်း အသင့်အနေထားဖြင့်ရှိနေသည်ဟု ဒေသခံများကပြောသည်။

” ဟုမ္မလင်းမှ ရဟတ်ယာဉ်ကွင်းရှိနေတော့ အဲ့ကနေတက်လိုက်ဆင်းလိုက်နဲ့ ဗုံးကြဲနေတာ။ ဒေသခံတွေကတော့ တိမ်းရှောင်‌နေကြတယ်။ ရဲဘော်တွေလည်း အထိအခိုက်မရှိပါဘူး။ စစ်ရေးကတော့ သတိထားရမယ့် အခြေအနေရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွှေပြည်အေးမြို့သည် စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့ပြီး တမူးနှင့် ဟုမ္မလင်းဆက်စပ်ဒေသများ၌ အချက်အချာကျသည့်မြို့ဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလအတွင်းရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၂) ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့သည်။

ဒီဇင်ဘာလ ၂၅ရက်မှစကာ စစ်ကောင်စီက လေကြောင်းအကူဖြင့် မြေပြင်စစ်ကြောင်းပြန်ထိုးလာသော်လည်း​တော်လှန်​ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်​​ကောင်စီတပ်အထိနာ၍ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဇန်နဝါရီလ ၂၃ရက်တွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA)အင်အား ၄၀၀ ခန့်က လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထပ်မံထိုးခဲ့ရာ ဆယ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ဦးနှင့် ဒဏ်ရာရသူ၄၀ဦးခန့်ရှိကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းကသတင်းထုတ်ပြန်ခဲ့သည်။

ယခုအခါ စစ်ကောင်စီက တတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးရန် ကြိုးစားနေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့၊ခမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့နှင့်မော်လူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ်အတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကောလင်းမြို့ကို နိုဝင်ဘာလ ၅ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ စစ်ကောင်စီတပ် အင်အားအများပြားဖြင့်ပြန်လည်စစ်ကြောင်းထိုးလာပြီး ယခုအခါ မြို့ပေါ်ရပ်ကွက်အချို့အား စစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားသည်။ သို့​သော် ​တော်လှန်​ရေးတပ်ဖွဲ့များက မြို့ကို ပြန်ဝိုင်း ၍ တိုက်ခိုက်​နေသည်။ထို​ကြောင့်ကောလင်းမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။