Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီအခြေစိုက် ခမရ (၅၆၁)ကို PDF ပူးပေါင်းအဖွဲ့ နှစ်ရက်ဆက်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ(၅၆၁)ကို နှစ်ရက် ဆက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းဆက်ကြောင်းက အသိပေးထုတ်ပြန်သည်။

ဧပြီ ၄ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၆၁) တပ်ရင်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ ADF ဒရုန်းအဖွဲ့မှ ဗုံးသီးများဖြင့် ငါးကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ADF)

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ဧပြီ ၂ ရက်ကလည်း ခမရ (၅၆၁) တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသည်ကို မျက် မြင်အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ADF)

“ပထမရက်မှာ သုံးယောက်(သေဆုံးစစ်ကောင်စီတပ်သား)က အတည်ပြုနိုင်ပါတယ် ။ ဒုတိယရက် လေးယောက်ကတော့ စုံစမ်းဆဲပါ”ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်းတွင် ပါဝင်သည့် မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သို့သော် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနှင့်အတ်သက်ပြီး လူထုနွေဦးက သီခြားအတည်မပြုနိုင်ပေ။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ADF)

အထက်ပါတိုက်ခိုက်မှုတွင်ပါဝင်သော မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း – ၁ တွင် မြိတ်ခရိုင်တပ်ရင်း(၂) တပ် ခွဲ(၁)၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ်(ပ.က.ဖ)နှင့် ADF ဒရုန်းအဖွဲ့တို့ပူး ပေါင်းပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့