Connect with us

Hi, what are you looking for?

သတင်း

သင်္ဃန်းညီနောင် ဗျူဟာမှ စစ်သုံ့ပန်း ၆၀၀ ကျော်အား စစ်ကောင်စီထံ KNUလွှဲပေးခြင်းမရှိ

မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။

(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)
(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)

▪︎လွှဲပေးသည့် အစဉ်အလာ မရှိသကဲ့သို့ လွှဲပေးပါက ရန်သူကို စစ်အင်အားစုဆောင်းပေးသလို ဖြစ်မည်ဟု သတင်းရင်းမြစ်ပြော

ထားမြတ်/People’s Spring

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်စစ်ကောင်စီဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကောင်းမွန်စွာ ထားရှိကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၅ရက် သင်္ဃန်းညီနောင် ဗျူဟာ သိမ်းပိုက်မှု တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့်နှင့် တပ်သား ၄၁၀ဦး၊ ရဲမေနှင့် တပ်မိသားစုဝင် ၁၄၀ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည်။

(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)
(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)

“သူတို့ကျတော့ အဲဒီလို ပဲထားထားတပေါ့။မလွှဲပါဘူး။ ကျနော်တို့ဆီမှာ ကူညီစောင့်ရှောက်ပြီးတော့ အစားအသောက်နေထိုင်စားသောက်ရေးပေါ့” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တပ်အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီထံ ဖမ်းမိ စစ်သုံ့ပန်းများအား လွှဲပေးမည်ဆိုပါက ရန်သူက အင်အား တည်ဆောက်ပြီး အခြား လှုပ်ရှားမှုများ ဆက်လုပ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

“စစ်သုံ့ပန်းတွေက မဖြစ်မနေ သေရမယ့်အစား အညံ့ခံတာ။အခုက မဖြစ်မနေ သူများ ဝိုင်းပိတ်ထားတဲ့အချိန် လက်နက်ချတဲ့သဘော။ ကျနော်ထင်တာကတော့ ပြန်လွှဲပေးဖို့ မရှိဘူး။ လွှဲတဲ့ အစဉ်အလာလည်း မရှိဘူး” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။

အခြားစစ်​ရေးရင်းမြစ်တစ်ဦးက ဖမ်းဆီးရရှိထား​သောစစ်သုံ့ပန်းများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများပါ၊မပါ ၊ပါဝင်ပါက အ​ရေးယူနိုင်ရန် စတင်စီစစ်နေပြီဖြစ်​ကြောင်းလည်းပြောသည်။

(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)
(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)

ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သင်္ဃန်းညီနောင်၌ ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား လွှတ်ပေးမည်ဆိုပါက အကြမ်းဖက်အားပေးမှု မြောက်မည်ဖြစ်၍ သက်ဆိုင်ရာ တရားစီရင်မှု ပြီးမြောက်ပြီး နောက်ပိုင်းမှသာ လွှတ်ပေးသင့်ကြောင်း ၎င်း၏ အမြင်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိတွင်မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။

“၂၇၅ ကို တိုက်တော့ မတိုက်သေးဘူး။ အခုက ဗျူဟာကုန်းရနေပြီ။ အခုကတော့ မြို့နဲ့ နီးတယ်ဆိုတော့ ဆက်တိုက်မယ်ဆိုရင် လူထုလည်းထိမယ်။ဆက်တိုက်ရင် သူတို့ လေယာဉ်နဲ့ လာချမယ်ဆိုတော့လေ” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)
(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)

ယမန်နေ့ညတွင် စစ်ကောင်စီ ဝန်ထမ်းနှင့် တပ်အပါအဝင် လူဦးရေ ၄၀ကျော်၊ ၅၀ ခန့်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်ခေါ်သွားသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သို့​သော် ​လေယာဥ်ကွင်းပြင်ဘက်မှသတင်းရယူ​သောထိုင်းသတင်းဌာနများက စစ်​ကောင်စီ​လေယာဥ်​ပေါ်ဖြင့် လူ ၂၀.ဦးဝန်းကျင်သာပါသွားပြီး ​ငွေများကိုသယ်​ဆောင်သွား​ကြောင်း သတင်း​ဖော်ပြထားကြသည်။

မြဝတီမြို့အ​ခြေအ​နေမှာ ဧပြီ ၇ ရက်အထိပုံမှန်အတိုင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။