Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံ မြို့မရဲစခန်းအနီး မိုင်းလာရှင်းသောစစ်ကောင်စီတပ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်မှုရှိဟု Dark Shadow ​အဖွဲ့​ပြော

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

မင်္ဂလာဒုံ မြို့မရဲစခန်းအနီး မိုင်းလာရှင်းသောစစ်ကောင်စီတပ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်မှုရှိဟု Dark Shadow ​အဖွဲ့​ပြော
မင်္ဂလာဒုံ မြို့မရဲစခန်းအနီး မိုင်းလာရှင်းသောစစ်ကောင်စီတပ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်မှုရှိဟု Dark Shadow ​အဖွဲ့​ပြော

▪︎မြို့ပြလွတ်လပ်ရေး စစ်ဆင်ရေးစတင်ပြီဟု အရိပ်စစ်သည်များ အသိပေး

ကျော်ဇော၊ သတိုး/People’s Spring

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီမြို့မရဲစခန်းအနီး ထောင်ထားသည့်မိုင်းများလာရှင်းစဥ် ပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရသွားကြောင်း စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် Dark Shadow UG အဖွဲ့တာဝန်ခံ ရဲဘော်အရိပ်က ပြောသည်။

ယမန်နေ့(ဧပြီ ၉)ညပိုင်းက “Urban Freedom” စစ်ဆင်ရေးအဖြစ် မင်္ဂလာဒုံမြို့မရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရန်ပြင်ဆင်ခဲ့ရာ သတ်မှတ်ထားသည့်အချိန်တွင် အဖွဲ့ဝင်များ၏ မြေပြင်လုံခြုံရေးအခြေအနေကြောင့် ပြင်းအားမြင့် မိုင်းများသာ မင်္ဂလာဒုံမြို့မရဲ စခန်းတွင် တပ်ဆင်ထား၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Drak Shadow UG အဖွဲ့က အသိ ပေးသည်။

သို့ဖြစ်ရာ ယနေ့ (ဧပြီ ၁၀)နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ အရိပ်စစ်သည်များထောင် ထားသော မိုင်းများအားရှင်းလင်းရာ ​ပေါက်ကွဲပြီး သုံးဦးပြင်းထန်စွာထိခိုက်သည့်အပြင် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ကို ​မြေပြင်အတည်ပြုချက်ရရှိထားကြောင်း Dark Shadow UG တာဝန်ခံ ရဲဘော်အရိပ်က ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်ယောက်ကတော့သေပြီလို့ကြားတယ်။တစ်ယောက်လက်ပြတ်တယ်။ တစ်ယောက်ကခေါင်းစုတ်ပြတ်သတ်သွားတယ်” ဟုရဲဘော်အရိပ်ကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​ပါ ။

Dark Shadow UG အဖွဲ့အနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်မှု၊ အုပ်ချုပ်မှုကို မလွှဲမရှောင်နိုင် အံ ကြိတ်ရှင်သန်နေရသည့် မြို့ပြပြည်သူများ အတွက် အရိပ်တပ်သားများ၏ “မြို့ပြလွတ် လပ်ရေး”စစ်ဆင်ရေးကို ယနေ့(ဧပြီ ၁၀)စ တင်လိုက်ပြီဖြစ်ပြီး နိုင်ငံတစ်ဝှမ်း တော်လှန် ရေးအရှိန်မြှင့် နယ်မြေစိုးမိုးနေချိန် မြို့ပြလည်း မကျန်စေရဟု အသိပေးဖော်ပြသည်။

အလားတူ Dark Shadow အဖွဲ့ အရိပ်တပ် သားများသည် မည်သည့် အဖွဲ့အစည်းနှင့်မှ မဟာမိတ်ပြုလုပ်ထားခြင်း၊ ဖွဲ့စည်းမှုအောက်တွင်ပါဝင်ခြင်း မရှိဘဲ တရားမျှတမှုနှင့် လွတ် လပ်မှုကို လိုလားသော တော်လှန်ရေးတပ် သားများ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ် ကြောင်း အသိပေးသည်။

“ကျနော်တို့အနေနဲ့ ဘာမှထပ်ပြီး ပြောစရာမရှိပါဘူး။ အလုပ်နဲ့ပဲ သက်သေပြမယ်။ (မြို့ပြလွတ်လပ်ရေး)စစ်ဆင်ရေး ခေါ်ထားတယ်၊ အဲလိုခေါ်ထားတဲ့အတွက် ကျနော်တို့တတ်နိုင်သမျှ အကောင်းဆုံးလုပ်သွားမယ်”ဟု Dark Shadow UG အဖွဲ့တာဝန်ခံ ရဲဘော်အရိပ်က သတင်းစကားပါးသည်။

ထို့အပြင် အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

Dark Shadow အဖွဲ့၏ မြို့ပြစစ်ဆင်ရေးများ ပိုမိုထိထိရောက်ရောက်လုပ်ဆောင်နိုင်‌ ရေး‌ အတွက် ၄၀ မမ လက်နက် ဝယ်ယူနိုင်ရန် မမ နှင့်အတူ မြို့ပြကူ ကမ်ပိန်းကို လုပ်ဆောက်လျက်ရှိပြီး ပါဝင်ကူညီလိုသူများအနေဖြင့် ရဲဘော်များသို့ -To Comrades ပေ့ခ်ျတွင် ဆက်သွယ်ပါဝင်နိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ် တိုက်ခိုက်လျှက်ရှိရာ ယမန်နေ့(ဧပြီ ၉)ည ၈ နာရီခန့်ကလည်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၃၂၃) ထောက်ပို့တပ်စခန်းအား မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် NOKA UG အဖွဲ့ပူး ပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။