Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် နန့်ယား စစ်ကောင်စီစခန်းမှ အင်အား ၅၀ ကျော် လက်နက်ချ၍ ယနေ့မနက်တွင် KIA သိမ်းပိုက်ရှင်းလင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)
(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)

ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဖားကန့်မြို့နယ် နန့်ယားတပ်စခန်းနှင့် ဆယ်ဇင်းဒေသရှိ တပ်စခန်းများကို KIAက ဧပြီ ၉ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဆယ်ဇင်းရဲစခန်းကို ယင်းနေ့၌ပင် သိမ်းပိုက်နိုင်ခဲ့သည်။ ရဲ ၂၃ ဦး လက်နက်ချခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)
(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)

“နန့်ယား က ဒီမနက်မှ စကစတွေလက်နက်ချပြီး အပြီးထွက်လာကြတယ်။ မနက် ၇နာရီမှာ စခန်းကို ရှင်းလင်းရေးလုပ်နေတယ်။ သူတို့ လက်နက်ချတယ်။ အားလုံးကို ငါတို့ ထိန်းသိမ်းထားလိုက်ပြီ။ အင်အား ၅၀ ကျော်။ ရှမ်းနီ ပြည်သူ့စစ်တွေလည်းပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ထို့ကြောင့် KIA၏ ဖားကန့်ဒေသ စစ်ဆင်ရေး သုံးရက်အတွင်း နန့်ယားနှင့် ဆယ်ဇင်းမှ စစ်ကောင်စီတပ် အင်အား ၈၀ ခန့် လက်နက်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖားကန့်အဝင်လမ်းများရှိ စစ်ကောင်စီတပ်စခန်း အများစုကို KIAက သိမ်းပိုက်ပြီးဖြစ်ပြီး ကာမိုင်းဒေသရှိ တပ်စခန်းသာကျန်တော့သည်ဟုဆိုသည်။ ယခု သိမ်းပိုက်လိုက်သည့် နန့်ယားစခန်းသည် မြစ်ကြီးနား – ဖားကန့်လမ်း၌ရှိပြီး ဖားကန့်လမ်း၌ ခရီးသွားများ၊ ကားသမားများအား ဒုက္ခပေးနေသည့် တပ်စခန်းဖြစ်သည်ဟုဆိုသည်။

KIAသည် မတ်လ ၇ရက်မှစ၍ ထိုးစစ်အရှိန်မြှင့်ခဲ့ရာ တစ်လကျော်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များအပါအဝင် ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ တနိုင်း၊ မံစီ၊ လွယ်ဂျယ်၊ လိုင်ဇာ ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၇၀ ပတ်ဝန်းကျင်ကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။