Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ် နန့်ယား စစ်ကောင်စီစခန်းမှ အင်အား ၅၀ ကျော် လက်နက်ချ၍ ယနေ့မနက်တွင် KIA သိမ်းပိုက်ရှင်းလင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)
(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)

ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဖားကန့်မြို့နယ် နန့်ယားတပ်စခန်းနှင့် ဆယ်ဇင်းဒေသရှိ တပ်စခန်းများကို KIAက ဧပြီ ၉ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဆယ်ဇင်းရဲစခန်းကို ယင်းနေ့၌ပင် သိမ်းပိုက်နိုင်ခဲ့သည်။ ရဲ ၂၃ ဦး လက်နက်ချခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)
(ကချင်ပြည်နယ်ရှိ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင်စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ နှင့် KIA တပ်ဖွဲ့ဝင်များ ။(ပုံအ​ဟောင်းဖြစ်ပါသည်)/ ဓါတ်ပုံ-Myu Tsaw Kasa)

“နန့်ယား က ဒီမနက်မှ စကစတွေလက်နက်ချပြီး အပြီးထွက်လာကြတယ်။ မနက် ၇နာရီမှာ စခန်းကို ရှင်းလင်းရေးလုပ်နေတယ်။ သူတို့ လက်နက်ချတယ်။ အားလုံးကို ငါတို့ ထိန်းသိမ်းထားလိုက်ပြီ။ အင်အား ၅၀ ကျော်။ ရှမ်းနီ ပြည်သူ့စစ်တွေလည်းပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ထို့ကြောင့် KIA၏ ဖားကန့်ဒေသ စစ်ဆင်ရေး သုံးရက်အတွင်း နန့်ယားနှင့် ဆယ်ဇင်းမှ စစ်ကောင်စီတပ် အင်အား ၈၀ ခန့် လက်နက်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖားကန့်အဝင်လမ်းများရှိ စစ်ကောင်စီတပ်စခန်း အများစုကို KIAက သိမ်းပိုက်ပြီးဖြစ်ပြီး ကာမိုင်းဒေသရှိ တပ်စခန်းသာကျန်တော့သည်ဟုဆိုသည်။ ယခု သိမ်းပိုက်လိုက်သည့် နန့်ယားစခန်းသည် မြစ်ကြီးနား – ဖားကန့်လမ်း၌ရှိပြီး ဖားကန့်လမ်း၌ ခရီးသွားများ၊ ကားသမားများအား ဒုက္ခပေးနေသည့် တပ်စခန်းဖြစ်သည်ဟုဆိုသည်။

KIAသည် မတ်လ ၇ရက်မှစ၍ ထိုးစစ်အရှိန်မြှင့်ခဲ့ရာ တစ်လကျော်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များအပါအဝင် ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ တနိုင်း၊ မံစီ၊ လွယ်ဂျယ်၊ လိုင်ဇာ ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၇၀ ပတ်ဝန်းကျင်ကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။