Connect with us

Hi, what are you looking for?

သတင်း

KIA တိုက်ခိုက်သိမ်းပိုက်ထားသည့် ဖားကန့်မြို့နယ် တာမခန်ရွာမှ ပြည်သူများ နေရပ် ပြန်နိုင်ကြောင်း အသိပေး

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။

(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)

▪︎စစ်ရှောင် ၄၀၀၀ ကျော်ရှိ၊ စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ် ၄၀၀ ကျော်မီးရှို့ဖျက်ဆီးသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်၍ ဒေသခံ ပြည်သူများ ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၁၈ရက်ညတွင် သတင်းဖော်ပြသည်။

(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)
(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)

ဖားကန့် တာမခန် ရဲစခန်းနှင့် စစ်တပ်စခန်းကို ဖေဖော်ဝါရီ ၂၆ရက်တွင် KIA တပ်မဟာ(၉)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရဲစခန်းကို ဖေဖော်ဝါရီ ၂၇ရက်တွင် သိမ်းယူနိုင်ပြီး တပ်စခန်းကို မတ်လ ၉ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားစဉ်က တိမ်းရှောင်နေသည့် ပြည်သူ ၄၀၀၀ ကျော်ရှိပြီး နေရပ်ပြန်လာနိုင်ကြောင်း သက်ဆိုင်ရာက အသိပေး ထားသည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြပြီး တာမခန်ပြည်သူအချို့ နေရပ်ပြန်လာနေပြီဟု အသိပေးသည်။

စစ်ကောင်စီတပ်ကတိုက်ပွဲတွင်အထိနာပြီး​နောက် ပြည်သူလူထု နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)
(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပျက်စီးသွားသည့် တာမခန် အထက ကျောင်းတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်များ ရှိနေကြောင်း၊ တာမခန် ဘုန်းကြီးကျောင်းဝန်း အတွင်း၌လည်း လူသေအလောင်းများနှင့် လက်နက်ကြီး ကျည်များ မရှင်းရသေးကြောင်း တာမခန်နွေဦးတော်လှန်ရေး ​ဖေစ်ဘွခ် စာမျက်နှာ၌ ဖော်ပြထားသည်။

(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)
(တာမခန် အဝင်ဆိုင်ဘုတ်/ တာမခန်​ကျောင်းတိုက်/ ပြန်လည်​နေထိုင်​သော ပြည်သူအချို့ နှင့် စစ်​ကောင်စီတပ်ဖျက်ဆီးသွား​သော​နေအိမ်များ။ဓါတ်ပုံ-တာမခန်​နွေဦးဦး​တော်လှန်​ရေး)

တာမခန် ပြည်သူများအ​နေဖြင့် မကွဲသေးသည့် ဗုံးသီးများ၊ လက်နက်ကြီး ကျည်များ၊ မိုင်းများ တွေ့ပါက သက်ဆိုင်ရာထံ အကြောင်းကြားရန်လည်း အသိပေးထားသည်။

အထူးသဖြင့်စစ်​ကောင်စီတပ်စွဲထား​သော ​နေစာအနီးတွင် စစ်​ကောင်စီက မိုင်းများစွာ​ထောင်ခဲ့​သော​ကြောင့် ပြည်သူများ ထို​နေရာများသို့မသွားရန် တားမြစ်ထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်