Connect with us

Hi, what are you looking for?

သတင်း

ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ
ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ

▪︎တံတားအနီး မသွားရန်နှင့် မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာနိုင်ကြောင်း ပြည်သူများ အား KNU သတိပေး

ဟန်နွေ၊ ဒီးဒီ/People’s Spring

ကရင်ပြည်နယ် မြ၀တီ ခလရ(၂၇၅) တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ ဝင်မရဘဲ ဖြစ်နေပြီး မြ၀တီမြို့ တံတားအမှတ်(၂)အနီး ပိတ်မိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ
ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ

ခမရ(၂၇၅)မှ စစ်ကောင်စီတပ်သားများသည် ညကတည်းက တပ်စခန်းကို စွန့်ခွာသွားပြီး မြဝတီတံတားအမှတ် (၂) တွင် သွားရောက် ပုန်းရှောင်လျှက်ရှိသည်။ အဆိုပါ စစ်​ကောင်စီတပ်သားများတွင် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ပါဝင်​ကြောင်းလည်း People’s Spring ကစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီ တပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျှက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိဘဲ ပိတ်မိနေလျှက်ရှိကြောင်း KNUက အသိပေးသည်။

စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်၍ ပြည်သူလူထုများအနေဖြင့်မြ၀တီမြို့ တံတားအမှတ်(၂)အနီး တစ်ဝှိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန် အသိပေး ထုတ်ပြန်သည်။

ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ
ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ

မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်ကြောင်းလည်း KNUက သတိပေးသည်။ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်တိုက်တွန်းထားသည်။

ထွက်​ပြေး​​သောစစ်သားများမှာ အမှတ်(၂)ချစ်ကြည်ရေးတံတား အဆောက်အဦးအတွင်းရှိနေပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့်လေယာဉ်ဖြင့် ထွက်ခွာရန် စောင့်ဆိုင်းနေခြင်းဖြစ်နိုင်သည်ဟု မြဝတီမြို့ခံများက သုံးသပ်သည်။ စစ်ကောင်စီတပ်သားအချို့မှာ သေနတ်များကိုင်ဆောင်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

“သူတို့က လက်နက်တွေနဲ့ ပြန်ဆုတ်လာတာ။ သူတို့အတွက် လုံခြုံမယ်ထင်တဲ့နေရာပေါ့။ တံတားထိပ်မှ နေနေတယ်။ အဲဒီကနေ ပြန်ဆုတ်ဖို့ဆိုတာ အမိန့်စောင့်နေတာ ထင်တယ်”ဟု မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် မြဝတီမြို့တွင်း၌ BGF ရဲဘော်များက လုံခြုံရေးယူထားသည်။

ဗိုလ်မှူးချုပ် စောချစ်သူဦးဆောင်သည့် BGF အဖွဲ့သည် အာဏာသိမ်းစစ်တပ် လက်အောက်ခံအဖြစ်မှခွဲထွက်ကာ သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တရားဝင် ထုတ်ပြန်ပြောဆိုထားပြီး ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်အားလုံး ကရင်အမျိုးသားတပ်မတော်(Karen National Army-KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။

ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ
ခလရ−၂၇၅ မှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ဝင်မရဘဲ မြဝတီတံတားအမှတ် (၂) တွင် ပိတ်မိ

ဧပြီ ၉ရက်က မြဝတီမြို့အဝင်ရှိ ခမရ(၂၇၅) တပ်ရင်းကို KNLA နှင့် PDF ပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး ၂ရက် မြောက်နေ့ ဧပြီ ၁၀ ရက်ညတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စိမ်းလဲ့မြိုင်ကားဝင်းရှိ ကားဂိတ်အချို့နှင့် ရပ်ကွက်(၆)ရှိ ဂိုဒေါင်များ မီးလောင်မှုဖြစ်ခဲ့သည်။

ယနေ့ နံနက် ၁၀နာရီခန့်တွင် KNLAပူးပေါင်းတပ် သိမ်းပိုက်ခဲ့သော ခမရ(၂၇၅) နေရာကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲချသည်ကိုလည်း တွေ့ရသည်။

“ကိုဒါဘောတို့အဖွဲ့က ဒီအချိန် မရှိတော့ဘူး။ ပစ္စည်းတွေသိမ်းပြီး ဆုတ်သွားပြီ”ဟု မြဝတီမြို့ခံ တစ်ဦးက ပြောသည်။ BGF ရဲဘော်များလည်း အဆိုပါနေရာတွင် မရှိကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့ ​ပေါ်တွင် ပုံမှန်နီးပါး လည်ပတ် နေပြီး ဒေသခံပြည်သူများမှာလည်းပုံမှသွားလာနေကြသည်ကို မြင်တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook