Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ရှိ စစ်​ကောင်စီတပ်စခန်းများအားလုံးသိမ်းပိုက်ပြီးဖြစ်​ကြောင်းKNU အတည်ပြုထုတ်ပြန်

စစ်​ကောင်စီတပ်ကစခန်းကျပြီး​နောက် ယမန်​နေ့ညတွင် ​ဗုံးကျဲသလို ယ​နေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ​ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့​ကြောင်း သတင်းရရှိသည်။

(ခလရ ၂၇၅ မှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU)
(ခလရ ၂၇၅ မှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU)

▪︎ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

ဇော်ရမ်း/People’s Spring

မြဝတီမြို့မှ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်သွားမည်ပြီး ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် KNU က ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့မှ ခလရ−၂၇၅ တပ်စခန်း အား ဧပြီလ (၈) ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ (၁၁) ရက်နေ့ မနက် (၄း၂၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု KNU က ယနေ့ နံနက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။

လက်နက်ခဲယမ်းအမြောက်အများလည်းသိမ်းဆည်းရရှိခဲ့သည်ဟုဓါတ်ပုံနှင်တကွထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ခလရ−၂၇၅ တပ်စခန်းအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိခဲ့၍ တိုက်ခိုက်ခဲ့ခြင်းဟုအသိပေးထားသည်။

တိုက်ပွဲကြောင့် ဒေသခံအများအပြားသည် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ထဲတွင်လည်း ကျန်‌ရှိနေကြသည်။

“စခန်းကနေဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနိုင်တယ်။ ဒေသခံတွေကတော့အပြင်မထွက်ရဲဘူး” ဟု မြို့ခံတဦးကပြောသည်။

ယခုအခါ မြဝတီမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်KNU ကတိုက်တွန်းထားသည်။

ခလရ ၂၇၅ မှစစ်​ကောင်စီတပ်များမှာ ယမန်​နေ့ည ၁၀ နာရီ​ကျော်တွင် စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး ထို​နောက် BGF တပ်ဖွဲ့ဝင်များက ကခတ္တ ​နေရာယူခဲ့သော်လည်း ယ​​နေ့နံနက်အ​​စောပိုင်းတွင် BGF တပ်ဖွဲ့ဝင်များဖယ်​ပေးကာ KNLA ဦး​ဆောင်​သော​တော်လှန်​ရေးအဖွဲ့များက စခန်းအတွင်းလက်နက်ခဲယမ်းများကိုသိမ်းဆည်းပြီးနယ်​မြေရှင်းလင်း​ရေးပြုလုပ်ခဲ့​ကြောင်း နယ်စပ်မှ People’s Spring သတင်း​ထောက်က သတင်း​ပေးပို့သည်။

စစ်​ကောင်စီတပ်ကစခန်းကျပြီး​နောက် ယမန်​နေ့ညတွင် ​ဗုံးကျဲသလို ယ​နေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ​ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့​ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook