Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့ရှိ စစ်​ကောင်စီတပ်စခန်းများအားလုံးသိမ်းပိုက်ပြီးဖြစ်​ကြောင်းKNU အတည်ပြုထုတ်ပြန်

စစ်​ကောင်စီတပ်ကစခန်းကျပြီး​နောက် ယမန်​နေ့ညတွင် ​ဗုံးကျဲသလို ယ​နေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ​ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့​ကြောင်း သတင်းရရှိသည်။

(ခလရ ၂၇၅ မှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU)
(ခလရ ၂၇၅ မှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU)

▪︎ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

ဇော်ရမ်း/People’s Spring

မြဝတီမြို့မှ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်သွားမည်ပြီး ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် KNU က ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့မှ ခလရ−၂၇၅ တပ်စခန်း အား ဧပြီလ (၈) ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ (၁၁) ရက်နေ့ မနက် (၄း၂၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု KNU က ယနေ့ နံနက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။

လက်နက်ခဲယမ်းအမြောက်အများလည်းသိမ်းဆည်းရရှိခဲ့သည်ဟုဓါတ်ပုံနှင်တကွထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ခလရ−၂၇၅ တပ်စခန်းအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိခဲ့၍ တိုက်ခိုက်ခဲ့ခြင်းဟုအသိပေးထားသည်။

တိုက်ပွဲကြောင့် ဒေသခံအများအပြားသည် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ထဲတွင်လည်း ကျန်‌ရှိနေကြသည်။

“စခန်းကနေဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနိုင်တယ်။ ဒေသခံတွေကတော့အပြင်မထွက်ရဲဘူး” ဟု မြို့ခံတဦးကပြောသည်။

ယခုအခါ မြဝတီမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်KNU ကတိုက်တွန်းထားသည်။

ခလရ ၂၇၅ မှစစ်​ကောင်စီတပ်များမှာ ယမန်​နေ့ည ၁၀ နာရီ​ကျော်တွင် စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး ထို​နောက် BGF တပ်ဖွဲ့ဝင်များက ကခတ္တ ​နေရာယူခဲ့သော်လည်း ယ​​နေ့နံနက်အ​​စောပိုင်းတွင် BGF တပ်ဖွဲ့ဝင်များဖယ်​ပေးကာ KNLA ဦး​ဆောင်​သော​တော်လှန်​ရေးအဖွဲ့များက စခန်းအတွင်းလက်နက်ခဲယမ်းများကိုသိမ်းဆည်းပြီးနယ်​မြေရှင်းလင်း​ရေးပြုလုပ်ခဲ့​ကြောင်း နယ်စပ်မှ People’s Spring သတင်း​ထောက်က သတင်း​ပေးပို့သည်။

စစ်​ကောင်စီတပ်ကစခန်းကျပြီး​နောက် ယမန်​နေ့ညတွင် ​ဗုံးကျဲသလို ယ​နေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ​ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့​ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။