Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး တိုင်းရင်းသားအဖွဲ့များအား ၀တပ်ဖွဲ့ UWSA၏ ကူညီပံ့ပိုးခဲ့မှုများအပေါ် ဂုဏ်ယူကြောင်း ယာယီသမ္မတ သဝဏ်လွှာပို့

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

("ဝ"တပ် UWSP ထူထောင်ခြင်း (၃၅)နှစ်မြောက် အခမ်းအနား ပန်ဆန်း၌ ၂၀၂၃ဒီဇင်ဘာ ၃၀ရက်က ကျင်းပနေစဉ်။ဓာတ်ပုံ - WSTV)
("ဝ"တပ် UWSP ထူထောင်ခြင်း (၃၅)နှစ်မြောက် အခမ်းအနား ပန်ဆန်း၌ ၂၀၂၃ဒီဇင်ဘာ ၃၀ရက်က ကျင်းပနေစဉ်။ဓာတ်ပုံ - WSTV)

ဟန်နွေ/People’s Spring

“ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များအား ကူညီပံ့ပေးခဲ့မှုများအပေး ဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

“ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်း လာရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့ သည်များကိုလည်း ဂုဏ်ယူမိပါသည်”ဟု ယာယီသမ္မတ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ ဝပြည်က ရရှိထားသည့် တည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တရားဥပဒေစိုးမိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်နှင့် ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြည်သူ့အစိုးရနှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့က ဆက်လက် ဦးဆောင်ကြိုးပမ်းဆောင်ရွက်နိုင်ပါ စေကြောင်း ဆန္ဒပြုပါသည်ဟုလည်း သဝဏ်လွှာပေးပို့သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝပြည်ပြည်သူ့အစိုးရအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းသို့ ဝင်ရောက်စစ်ဘေးရှောင်လာကြသော ပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးသည့်အပေါ်လည်း လေးစားဂုဏ်ယူကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ ဝတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများ လိုလားသည့် အမျိုးသားတန်းတူညီမျှမှု အပြည့်အဝရှိသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဆန္ဒပြုကြောင်း ယာယီသမ္မတက သဝဏ်လွှာပေးပို့သည်။

၀တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များ ဖြစ်သော တအာင်း၊ ကိုးကန့်၊ ရက္ခိုင် တပ်များသည် ၂၀၂၃ အောက်တိုဘာ ၂၇တွင် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီတပ်ကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ မြို့များ၊ တပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များစွာကို သိမ်းပိုက်ကာ လက်ရှိတွင် ရှမ်းမြောက်ရှိ မြို့နယ်အများအပြားကို အဆိုပါ တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ထို့ပြင် ရက္ခိုင်တပ် AAသည်လည်း ရက္ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပ လက်၀ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်ကာ ပလက်၀ နှင့် ရက္ခိုင် ၈မြို့နယ် စုစုပေါင်း မြို့နယ် ၉ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များရှိ စစ်ကောင်စီတပ်များကို တိုက်ထုတ်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။