Connect with us

Hi, what are you looking for?

သတင်း

မွန်အမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်မှုအားဖြင့် တိုက်ပွဲဝင်ကြရန် NMSP-AD ဖိတ်ခေါ်

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

(NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
(NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)

” မတူညီတဲ့အချက်တွေကို ခဏ ဘေးဖယ်ထားပြီး တူညီတဲ့အချက်တွေ ပူးပေါင်းပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို အတူတိုက်ပွဲဝင်ဖို့ အဲဒီလိုမျိုး ဖိတ်ခေါ်ထားတယ်”

ထားမြတ်/People’s Spring

မွန်ပြည်သူများ၊ မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် မွန်နိုင်ငံရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်မှုအားဖြင့် အတူတိုက်ပွဲဝင်ကြရန် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)က ဖိတ်ခေါ်လိုက်သည်။

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

မွန်ပြည်သူများ လိုလားသည့်အခွင့်အရေးသည် လက်ရှိ အခြေအနေတွင် စေ့စပ်ဆွေးနွေးလိုမရဘဲ စစ်ကောင်စီကို စစ်ရေးအရ တိုက်ခိုက်ရယူမှရမည်ဟု နိုင်ဗညားမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

” နောက်ပြီးတော့ ကျနော်တို့ မွန်ပြည်သူ ပြည်သားများ လိုချင်တဲ့ တန်းတူအခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးက စစ်အာဏာရှင်စနစ် ကျဆုံးမှသာလျင် ရနိုင်မယ်ဆိုတဲ့အချက်ကို သူက အလေးပေးပြော သွားတာရှိတယ်။ဒီအပေါ် အခြေပြုပြီး လူထုရဲ့တိုက်တွန်းချက်က ယနေ့ တိုက်ပွဲဟာ ပြည်သူလူထု တစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကိုဖြိုချတဲ့ တိုက်ပွဲဖြစ်တယ်။ မွန်လူထု တစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဖြိုချတဲ့ တိုက်ပွဲဖြစ်တယ်။ ဒီအပေါ်မှာ အခြေပြုပြီးမွန်သံဃာတော်တွေ နောက်ပြီး ပညာရှင်တွေ မွန်ရဲဘော် ရဲဘက်ဟောင်း ရဲဘော်အသစ်တွေပေါ့နော် မွန်ပြည်သစ်ပါတီ ADနဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်။ အမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ဒီတိုက်ပွဲကို အတူတိုက်ပွဲဝင်ကြဖို့ သူ ဖိတ်ခေါ်တာရှိတယ်”ဟု နိုင်ဗညားမွန်က အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းပါ အချက်ကို ရှင်းပြသည်။

ထို့ကြောင့် မွန်လူငယ်များ စစ်အာဏာရှင် တိုက် ဖျက်ရေး တိုက်ပွဲအတွင်း ပါဝင်ကြရန် အရေးကြီးပြီး ပြည်တွင်း၊ ပြည်ပ ပြည်သူများအနေဖြင့် လည်း NMSPကို ဝိုင်းဝန်းကြရန် တိုက်တွန်းသည်။

” အဓိက အရေးကြီးတာက မွန်ပြည်မှာရှိတဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့တပ်တွေ အနေနဲ့ရော အခြားအင်အားစုတွေအနေနဲ့ရော ဒီ ADနဲ့ လက်တွဲဖို့ ဖိတ်ခေါ်တယ်။ မတူညီတဲ့ အချက်တွေကို ခဏ ဘေးဖယ်ထားပြီး တူညီတဲ့အချက်တွေ ပူးပေါင်းပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို အတူတိုက်ပွဲဝင်ဖို့ အဲဒီလိုမျိုး ဖိတ်ခေါ်ထားတယ်”ဟု နိုင်ဗညားမွန်က ပြောသည်။

NMSPမှ ခွဲထွက်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီကို စစ်ရေးအရ တိုက်ခိုက်နေသည့် NMSP-ADသည် ကျိုက်မရော မြို့နယ်အပါအဝင် မွန်ဒေသ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခြင်း၊ စစ်ကောင်စီထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)တို့သည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်အမျိုးမျိုး အပြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၇ရက်တွင် ပူးပေါင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။