Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်အမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်မှုအားဖြင့် တိုက်ပွဲဝင်ကြရန် NMSP-AD ဖိတ်ခေါ်

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

(NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
(NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)

” မတူညီတဲ့အချက်တွေကို ခဏ ဘေးဖယ်ထားပြီး တူညီတဲ့အချက်တွေ ပူးပေါင်းပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို အတူတိုက်ပွဲဝင်ဖို့ အဲဒီလိုမျိုး ဖိတ်ခေါ်ထားတယ်”

ထားမြတ်/People’s Spring

မွန်ပြည်သူများ၊ မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် မွန်နိုင်ငံရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်မှုအားဖြင့် အတူတိုက်ပွဲဝင်ကြရန် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)က ဖိတ်ခေါ်လိုက်သည်။

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

မွန်ပြည်သူများ လိုလားသည့်အခွင့်အရေးသည် လက်ရှိ အခြေအနေတွင် စေ့စပ်ဆွေးနွေးလိုမရဘဲ စစ်ကောင်စီကို စစ်ရေးအရ တိုက်ခိုက်ရယူမှရမည်ဟု နိုင်ဗညားမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

” နောက်ပြီးတော့ ကျနော်တို့ မွန်ပြည်သူ ပြည်သားများ လိုချင်တဲ့ တန်းတူအခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးက စစ်အာဏာရှင်စနစ် ကျဆုံးမှသာလျင် ရနိုင်မယ်ဆိုတဲ့အချက်ကို သူက အလေးပေးပြော သွားတာရှိတယ်။ဒီအပေါ် အခြေပြုပြီး လူထုရဲ့တိုက်တွန်းချက်က ယနေ့ တိုက်ပွဲဟာ ပြည်သူလူထု တစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကိုဖြိုချတဲ့ တိုက်ပွဲဖြစ်တယ်။ မွန်လူထု တစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဖြိုချတဲ့ တိုက်ပွဲဖြစ်တယ်။ ဒီအပေါ်မှာ အခြေပြုပြီးမွန်သံဃာတော်တွေ နောက်ပြီး ပညာရှင်တွေ မွန်ရဲဘော် ရဲဘက်ဟောင်း ရဲဘော်အသစ်တွေပေါ့နော် မွန်ပြည်သစ်ပါတီ ADနဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်။ အမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ဒီတိုက်ပွဲကို အတူတိုက်ပွဲဝင်ကြဖို့ သူ ဖိတ်ခေါ်တာရှိတယ်”ဟု နိုင်ဗညားမွန်က အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းပါ အချက်ကို ရှင်းပြသည်။

ထို့ကြောင့် မွန်လူငယ်များ စစ်အာဏာရှင် တိုက် ဖျက်ရေး တိုက်ပွဲအတွင်း ပါဝင်ကြရန် အရေးကြီးပြီး ပြည်တွင်း၊ ပြည်ပ ပြည်သူများအနေဖြင့် လည်း NMSPကို ဝိုင်းဝန်းကြရန် တိုက်တွန်းသည်။

” အဓိက အရေးကြီးတာက မွန်ပြည်မှာရှိတဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့တပ်တွေ အနေနဲ့ရော အခြားအင်အားစုတွေအနေနဲ့ရော ဒီ ADနဲ့ လက်တွဲဖို့ ဖိတ်ခေါ်တယ်။ မတူညီတဲ့ အချက်တွေကို ခဏ ဘေးဖယ်ထားပြီး တူညီတဲ့အချက်တွေ ပူးပေါင်းပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို အတူတိုက်ပွဲဝင်ဖို့ အဲဒီလိုမျိုး ဖိတ်ခေါ်ထားတယ်”ဟု နိုင်ဗညားမွန်က ပြောသည်။

NMSPမှ ခွဲထွက်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီကို စစ်ရေးအရ တိုက်ခိုက်နေသည့် NMSP-ADသည် ကျိုက်မရော မြို့နယ်အပါအဝင် မွန်ဒေသ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခြင်း၊ စစ်ကောင်စီထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)တို့သည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်အမျိုးမျိုး အပြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၇ရက်တွင် ပူးပေါင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

သတင်း

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်ဖို့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ လည်း ကြေညာချက်မှာဖော်ပြတယ်။

သတင်း

မိုးလယ်ကာလသည် ယခုသြဂုတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တနိုင်ငံလုံးမှ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း အသိပေးထားသည်။

သတင်း

သံလွင်မြစ်နှင့် သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပြီးနောက် ကရင်ပြည်နယ်တွင် ဘားအံ၊လှိုင်းဘွဲ့၊ကော့ကရိတ်၊ မြဝတီမြို့တွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့​နေသည်။