Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့၍ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း တိုက်ပွဲဝင်မည်ဟု NMSP ကြေညာ

▪︎”ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

(မွန်ပြည်သစ်ပါတီ(NMSP) မှတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-NMSP)
(မွန်ပြည်သစ်ပါတီ(NMSP) မှတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-NMSP)

▪︎”ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

-NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်

အာဏာသိမ်းစစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်နှိပ်စက်မှုများ ပိုမိုပြုလုပ်လာ၍ စစ်ကောင်စီနှင့်နိုင်ငံရေးအရဆွေးနွေးအဖြေရှာရန်မဖြစ်နိုင်တော့ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) က ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

ထိုသို့ထုတ်ပြန်ကြေညာရာ၌ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NMSP အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် မှုကို ကာကွယ်ရန် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ဖော်ပြခဲ့သည်။

တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။

Public Service Announcement

Public Service Announcement

NCA လက်မှတ်​ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ-NMSPအနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှု ၃ကြိမ်ပြုလုပ်ခဲ့သော်လည်း မည်သည့် ရလဒ်မှ မရှိဘဲ စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေရမှုအပေါ် NSMP ပါတီညီလာခံတွင် ဆွေးနွေးခဲ့ကြောင်း NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်က ပြောပြသည်။

“အဲဒီအပေါ်မှာ ကျနော်တို့ အမျိုးသားအတွက်ရော ကျနော်တို့ ပါတီအတွက်ရောသိက္ခာတွေကျဆင်းခဲ့တယ်ပေါ့။ အဲဒီအပေါ်မှာ ဒီ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့သော်လည်းကောင်း၊ Bilateral အနေနဲ့ ဆက်ဆံဖို့သော်လည်းကောင်း ကျနော်တို့က အဆက်ဖြတ်ပြီးပြီ။ ဒီနေ့ ဒီအချိန်အခါမှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့အချိန်မှာကျနော်တို့ ပါတီ အနေနဲ့လည်း ဒီနေ့ ဒီအချိန်ခါကောင်းကို အမိအရ ဆုပ်ကိုင်ပြီးတော့တွန်းလှန် တော်လှန်သင့်ပြီဆိုတဲ့ အမြင်သဘောထား အပေါ်မှာ ကျနော်တို့ ဆွေးနွေးတော့ အဓိက အကြေအလည် ဆွေးနွေးသော်လည်း ဆုံးဖြတ်ချက်မကျဘဲ Bilateral အနေနဲ့ပဲ သွားဖို့ အများစု အနေနဲ့ ချမှတ်ခဲ့တဲ့အပေါ်မှာကျနော်တို့က လက်

မခံတဲ့ အပေါ်မှာ ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သူများ အပါအဝင် လူငယ်များ၊ ပြည်သူများအနေဖြင့် NMSP(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့အား လူကိုယ်တိုင် ပါဝင်၍ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့် ကူညီပံ့ပိုးမှုများလုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း ဖော်ပြသည်။

ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထား သည့်စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှၚ်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်ကြောင်း အသိပေးသည်။

ထိုယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံ၌ အကျေအလည် ဆွေးနွေးခဲ့သော်လည်း လတ်တလောအခြေအနေတွင် (၂၀၁၂) ခု နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီ စစ်ကောင်စီနှင့် ဆက်ဆံ သွားရန် ဆုံးဖြတ်ခဲ့သည်ကို လက်မခံနိုင်၍ အထွေထွေအတွင်းရေးမှူးနှင့် ဒုစစ်ဦးစီးချုပ် တို့က ယခုကဲ့သို့ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) စုဖွဲ့မှုဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

NMSPသည် ၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက် ၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့် အပြင် NMSP တပ်စခန်းများအား သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်မှ နည်းမျိုးစုံ ဖိအားပေးခဲ့သည်ဟု ဆိုသည်။

၂၀၂၁ ခု ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာ စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာအဖြေရှာသွားကြရန် ၂၀၂၁ ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေး ပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ကြောင်း NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။