Connect with us

Hi, what are you looking for?

သတင်း

အိုးအိမ်စွန့်ခွာထွက်​ပြေးရသည့် ပြည်သူ ၃ သန်းကျော်ရှိလာခဲ့ပြီဟု ကုလထုတ်ပြန်

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာနောက်ပိုင်း တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေသည်လည်း လျင်မြန်စွာမြင့်မားလာခဲ့ကြောင်း ထုတ်ပြန်သည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

ထားအိ/People’s Spring

နိုင်ငံတဝန်း ပြင်းထန်သောတိုက်ပွဲများအကြား အိုးအိမ်စွန့်ခွာထွက်​ပြေးရသည့် အရပ်သားပြည်သူ ၃ သန်းကျော်ရှိလာခဲ့ပြီဟု ကုလသမဂ္ဂမြန်မာရုံးက ယမန်နေ့(မေလ ၃ ရက်)တွင်သတင်းထုတ်ပြန်သည်။

အထက်ပါ အလွန်ဆိုးရွားသည့်မှတ်တမ်းမှာ လွန်ခဲ့သည့် ၆ လအတွင်း ၅၀ ရာခိုင်နှုန်း သိသာစွာမြင့်တက်လာခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်ကတည်းက ပိုမိုနက်ရှိုင်းလာသော လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းနှင့်အတူ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ချောက်ကမ်းပါး၌ ရပ်တည်နေပြီး တိုင်းပြည်၏ နေရာအနှံ့အပြားတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည့် အိုးအိမ်စွန့်ခွာသူဦးရေမှာ စံချိန်တင်များပြားခဲ့သည်။ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ သန်းအနက် ၂.၇ သန်းကျော်မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော ပဋိပက္ခနှင့် မလုံခြုံမှုကြောင့် ထွက်ပြေးစွန့်ခွာခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါလူဦးရေ ၃ သန်း အနက် သုံးပုံတစ်ပုံ(၁သန်းခန့်)မှာ ကလေးငယ်များဖြစ်ပြီး ၎င်းတို့မှာ ပဋိပက္ခကြောင့် ပညာရေးနှင့် အနာဂတ်များ ဆုံးရှုံးပျက်စီးခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာနောက်ပိုင်း တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေသည်လည်း လျင်မြန်စွာမြင့်မားလာခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းရင်ဆိုင်နေရသည့်အရေအတွက်မှာ ၁၈.၆ သန်းခန့်ရှိပြီး ယခင်နှစ်ထက် ၁ သန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ ၁၈.၆သန်းအနက် ၆ သန်းမှာ ကလေးငယ်များ ဖြစ်သည်ဟုဆိုသည်။

(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)
(တိုက်ပွဲများနှင့် စစ်​ကောင်စီတပ် ​လေ​ကြောင်း၊လက်နက်ကြီး အန္တရာယ်​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-CJ)

နိုင်ငံ၏ အနောက်မြောက်ပိုင်း ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင်လည်း အိုးအိမ်စွန့်ခွာသူအရေအတွက် အမြင့်မားဆုံးဖြစ်ပြီး အဆိုပါဒေသများတွင် ၁.၅ သန်းခန့် ရှိသည်။ နိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်နီ၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် အိုးအိမ်စွန့်ခွာသူအရေအတွက် ၉ သိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်တွင် ၃၅၆,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

သို့ရာတွင် ကရင်နှင့် ကရင်နီဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေးလုပ်ဆောင်နေသူများ၏ မှတ်တမ်းအရ မြေပြင်ကိန်းဂဏန်းသည် ကုလသမဂ္ဂ၏ စာရင်းထက် များစွာများပြားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။