Connect with us

Hi, what are you looking for?

သတင်း

မီတာခအတင်းကောက်ခံပြီး မီတာပုံးများပါ ဖြုတ်သိမ်းနေသည့် ပခုက္ကူလျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေး

ပခုက္ကူလျှပ်စစ်ရုံးအား ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးပြီးနောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပခုက္ကူမြို့လျှပ်စစ်ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပခုက္ကူမြို့လျှပ်စစ်ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် လျှပ်စစ်မီတာခများအတင်းကောက်ခံပြီး မီတာပုံးများပါ ဖြုတ်သိမ်းနေသည့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း အဆိုပါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့က ပြောသည်။

ပခုက္ကူမြို့၌ လျှပ်စစ်မီတာခများအတင်းအကျပ် ကောက်ခံနေ‌သည့် လျှပ်စစ်ရုံးအား ယနေ့ (ဇွန်လ ၂၄ ရက်) နံနက် ၉နာရီခွဲခန့်က ပခုက္ကူ (ပကဖ)တပ်ခွဲ(၂) နှင့် Young ForceUGတို့ ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ(ပကဖ)အဖွဲ့က ပြောသည်။

“စစ်တပ်က EPC ရုံးမှာ အမြဲတမ်းတော့မရှိဘူး”ဟု Young ForceUGအဖွဲ့၏ တာဝန်ခံက ဆိုသည်။

ယခုရက်ပိုင်းအတွင်း၌ပင် ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် လျှပ်စစ်ဝန်ထမ်းများက စစ်ကောင်စီတပ်သားများလုံခြုံရေးယူပြီး မီတာခများကောက်ခံခြင်း၊ မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ မီတာပုံးဖြုတ်သိမ်းခြင်းများ အဓမ္မလုပ်ဆောင်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပခုက္ကူလျှပ်စစ်ရုံးအား ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးပြီးနောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဗုံးပေါက်တာတော့ ဟုတ်တယ်။ ထိခိုက်မိတာတော့မကြားသေးဘူး”ဟု ပခုက္ကူမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသည့် လျှပ်စစ်ရုံး၀န်ထမ်းများအား နောက်ဆုံးအကြိမ်သတိပေးပြီး ဆက်လုပ်ပါက ပကဖနှင့်မိတ်ဖက်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များက ထိရောက်စွာအရေးယူသွားမည်ဟု အထက်ပါအဖွဲ့များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။