Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်၊ သိန္ဒောရွာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၁)၊ တနင်္သာရီပကဖ၊ မြိတ်ပကဖနှင့်မဟာမိတ်အင်အားစုများပူးပေါင်းထားသည့်အဖွဲ့ဖြစ်သည်။

(မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှတပ်ဖွဲ့ဝင်များ)
(မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှတပ်ဖွဲ့ဝင်များ)

သရဖူ/People’s Spring

တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိစစ်ကောင်စီ၏တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

သိန္ဒောရွာရှိစစ်ကောင်စီ၏တပ်စခန်းကို ဧပြီလ ၂၃ ရက်နေ့မှစ၍ မေလ ၈ ရက်နေ့အထိ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) မှဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က အတော်လေး ထိသွား‌တော့ လေကြောင်းကနေရမ်းသမ်းပစ်ခတ်နေပါတယ်။တနင်္သာရီမြို့နယ်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်”ဟု မြိတ်မြို့နယ်မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီသည်လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ်များပါအသုံးပြုပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်းများအသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်းလျှက်ရှိကြောင်း အသိပေးထားသည်။

၁၆ရက်ကြာခဲ့သည့် တိုက်ပွဲ၌ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)ဖက်က ရဲဘော် ၄ ဦး ကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။တနင်္သာရီမြို့နယ် အတွင်းစစ်ရေးတင်းမာလျှက်ရှိကြောင်း၊ ဒေသခံများ လုံခြုံရေးအထူးသတိပြုကြရန်လိုအပ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၁)၊ တနင်္သာရီပကဖ၊ မြိတ်ပကဖနှင့်မဟာမိတ်အင်အားစုများပူးပေါင်းထားသည့်အဖွဲ့ဖြစ်သည်။

မေလ ၈ရက်တွင်လည်း သရက်ချောင်းမြို့နယ်အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဆည်ကျေးရွာအတွင်းရှိ ပျူစောထီးစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးကို အရှင်ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook